APM၊ ဂျန်နဝါရီ ၂/၂၀၂၄
ကျောက်တော်မြို့နယ်မာ စစ်ကောင်စီတပ်၏ တောင်ရှည်တောင်ဗျူဟာကုန်းကိုအပြီးသတ်သိမ်းပိုက်ဖို့ ရက္ခိုင့်တပ် တော် (AA)က အပြင်းအထန်ထိုးစစ်ဆင်နီကြောင်း၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁ ရက်နိ ညည့် ၁၁ နာရီ မိနစ် ၅၀ မာ ညီ နောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊တင်းမရွာအနားဟိပြည်သူရို့အား နှစ်ရှည်လများအနှောင့် အယှက်ပီးနီသော စစ်ကောင်စီ၏ “တောင်ရှည်တောင်ဗျူ ဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ် ချေမှုန်း သိမ်းပိုက်နိုင်ရီးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နီသည်” လို့ ဖော်ပြ ပါဟိပါရေ။
ရက္ခိုင့်တပ်တော်(AA)၏ဗျူဟာကုန်းသိမ်းပိုက်ရီး ထိုးစစ်ဒဏ်ကိုမခံနိုင်ခါ စစ်ကောင်စီတပ်ရေ သူ့ဝသီအတိုင်း ဂျန်နဝါရီ ၁ရက်နိ၊ မိုးထ ၉ နာရီလောက်ကစပနာ တောင်ရှည် တောင်အနားက ရပ်ရွာတိကို ဂျက်တိုက်လီယာဉ်နန့်ဗုံး(၅) လုံးထက်မနည်း လာရောက်ကြဲချတိုက်ခိုက်ခပြီးကေ၎င်းဗျူဟာကုန်း နန့် ကျောက်တော်အခြီစိုက် စကခ (၉) ကလည်း လက်နက်ကြီးတိနန့် အဆက်မပြတ် ပစ်ခတ်တိုက် ခိုက်နီခပါရေ။
ယင်းဗျူဟာကုန်းစွာ ဒေသခံ ပြည်သူလူထုတိကို အနိုင်ကျင့် ဗိုလ်ကျပြီးကေ လူသားဒိုင်းကာအဖြစ် မတရားဖမ်း ဆီး၊ သတ်ဖြတ်မှုတိ လုပ်ဆောင်နီခရေ စစ်ရာဇဝတ်မှုတိ အခြီစိုက်ရာ ဗျူဟာစခန်းကုန်းတခုလည်း ဖြစ်ပါရေ။
ယင်း“တောင်ရှည်တောင်ဗျူဟာကုန်း” ကို သိမ်းပိုက်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၂၆ ရက်နိကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နီခစွာလို့လည်း သိဟိရပါရေ။