
APM၊ ဩဂတ်စ် ၂ / ၂၀၂၄
သံတွဲမြို့နန့် ဂွမြို့နား ပင်လယ်ပြင်အတွင်း ဖြတ်သန်းလားလာမှု လုံးဝမလုပ်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂတ်စ် ၁ ရက်နိမာ အရေးပေါ်အသိပီးထုတ်ပြန်ကြေညာပါရေ။
ထုတ်ပြန်ချက်မာ “အာရက္ခတပ်တော်သည်၊ ရက္ခိုင်ပြည်၊ သံတွဲမြို့ဟိ ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများ အားလုံး၊ ငပလီ(မဇင်လီဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နီရာအများစုရို့အား ၂၀၂၄ ခုနှစ်၊ ဂျူလိုင်လ (၁၆) ရက်နိ၊ ညဇာ (၅) နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းပိုက်ထားခပြီးဖြစ်သော်လည်း မြပြင်၊ ဂျိတ်တော အပါအဝင် ၎င်းရို့ လက်လွှတ်ဆုံးယှုံးထားခရသည့် စခန်းများနန့် သံတွဲမြို့ကို ပြန်လည်ရယူနိုင်ရန်အတွက် အရပ်သား အယောင်ဆောင်၍ စစ်အင်အားများ ထပ်မံဖြည့်တင်းနီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်ပို့လုပ်ငန်းများကို ဆောင်ရွက်နီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဟန်ဆောင်၍ သံတွဲမြို့တွင်း၌ ဖောက်ထွင်း၊ ခိုးယူ၊ လုယက်နီကတ်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပြင် လက်နက်ကိုင်ပြီး ကစဉ့်ကလျားထွက်ဗြီး လွတ်မြောက် နီကတ်သော စစ်ကောင်စီ၏ အုပ်စုချေများနန့် အာရက္ခတပ်တော်ရို့သည် မြပြင်၊ ဂျိတ်တော၊ ကွင်းဝိုင်းရို့တွင် တိုက်ပွဲများ ရံဖန်ရံခါ ဆက်လက် ဖြစ်ပွားနီတုန်းဖြစ်ပါသည်လို့ ဖော်ပြထားပါရေ။
ယင်းအပြင် စစ်ကောင်စီစွာ ၎င်း၏ မောင်ရွှီလေး ရီတပ်စခန်းနန့် ဘင်္ဂလားပင်လယ်ပြင်ထက်မာ တပ်စွဲထားရေ ရီတပ်စစ်သင်္ဘောတိက လက်နက်ကြီးပစ်ကူတိနန့်တတူ အထက်ဖော်ပြပါနီရာတိကို ပြန်လို့ထိုးစစ်ဆင်ဖို့ ကြိုးပမ်းအားထုတ်နီရေအတွက် အဆိုပါနီရာတိမာ တိုက်ပွဲတိ ဆက်လို့ ပြင်းထန်ခကြောင်း၊ သံတွဲမြို့၏ မြောက်ဖက်မာဟိရေ တောင်ကုတ်မြို့ နန့် တောင်ဖက်မာဟိရေ ဂွမြို့ဟိ စစ်ကောင်စီ၏ အခြီစိုက်စခန်းတိ အပါအဝင် သိမ်းပိုက်ဖို့ကျန်နီရေ စစ်စခန်းတိအားလုံးကို အာရက္ခတပ်တော်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် သလားဖို့ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မာ ထည့်သွင်းထားပါရေ။
ယင်းနောက် “စစ်ယှုံးစစ်ကောင်စီသည် အရပ်သားမော်တော်ဘုတ်များကို အသုံးပြု၍ ရီကြောင်းမှတဆင့် စစ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနန့်စစ်လက်နက်ခဲယမ်းများကို သယ်ယူပိုဆောင်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ဟိသည်။ ယင်းကြောင့် သံတွဲ နန့် ဂွ ပတ်ဝန်းကျင်ဟိ ပင်လယ်ပြင်ထဲ ရန်သူ၏ စစ်ရီးလှုပ်ယှားမှု၊ စစ်ရီးပြင်ဆင်နီမှုများကို အထောက်အကူပြုနီသော အရပ်ဖက်မော်တော် ဘုတ်များ၊ လောင်းများ ဖော်ပြပါ ပင်လယ်ပြင်အတွင်း လားလာနီခြင်းအား ၂ဝ၂၄ ခုနှစ်၊ ဩဂတ်စ်လ (၁) ရက်နိမှစ၍ အကန့်အသတ်မဟိ အရေးပေါ် ပိတ်ထားလိုက်ပြီးဖြစ်ကြောင်း” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အသိပီးဖော်ပြထား ပါရေ။
တဆက်တည်းမာပင် အရပ်သား မော်တော် ဘုတ်တိအနီနန့် စစ်ကောင်စီ၏ အကျပ်ကိုင်ဖိအားပီးခိုင်းစီခြင်းမျိုးကို လိုက်နာဆောင် ရွက်ခြင်းနန့်ပူးပေါင်းဆောင်ရွက်မှုမျိုး မလုပ်ကတ်ဖို့ကိုလည်း အရေးပေါ် စစ်ရီးလိုအပ်ချက်အရ အထူးသတိပီးကြောင်း၊ အကယ်၍ အရေးပေါ် ကျန်းမာရီး (သို့မဟုတ်) မဖြစ်မနီ လားလာရဖို့ကိစ္စတိဟိပါက သက်ဆိုင်ရာ၊ နီးစပ်ရာ အုပ်ချုပ်ရီးမှူး၊ နယ်မြီမှူးရို့ကို ဆက်သွယ်လို့ ၎င်းရို့သတ်မှတ်ထားရေ လမ်းကြောင်း၊ အမှတ်အသားတိကို ပြုလုပ်လို လားလာကတ်ရမည်ဖြစ်ကြောင်း၊ ဇာသူမဆို လုံခြုံရီးယူထားရေ နီရာတိမာ ကြည်ဖြူစွာ စစ်ဆီးခြင်းကို ခံယူရပါမည်ဖြစ်ကြောင်းနန့် ဒေထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်တေနိက စလို့ ရုပ်သိမ်းကြောင်း မထုတ်ပြန်မချင်း မိဖပြည်သူရိုအနီနန့် သံတွဲမြို့ နန့် ဂွမြို့အနား ပင်လယ်ပြင်အတွင်း ဖြတ်သန်းလားလာခြင်း လုံးဝမလုပ်ကတ်ဖို့ အသိပီးပါကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ ဩဂတ်စ် ၁ ရက်နိ အရေးပေါ်ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
