
APM၊ ဖေဖော်ဝါရီ ၁၄/၂၀၂၄
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မာ ဖေဖော်ဝါရီ ၁၄ ရက်နိ၊ မိုးထပိုင်းက ဂုံးချွိန်တိုက်နယ်၊ ဂေါ်တူရွာအောက် နား ပင်လယ်ပြင်မာင/နီတူပိုက်ဆွဲနီရေ ရီလုပ်သားတိကို အကြမ်းဖက်စစ်ကောင်စီ၏ နေဗီက လက်နက်ကြီး နန့် ပစ်ကြောင်း သတင်းရဟိပါရေ။
ဒေနိ၊ မိုးထ ၁၁ နာရီ ၁၅ မိနစ်လောက်က ဂုံးချွိန်တိုက်နယ်ငါးလုပ်ငန်းပိုင်သျှင် တယောက်ပိုင်ရေ ကျော့ပိုက် ဖောင်မာ အလုပ်လုပ်နီရေ ရီလုပ်သား ၂၀ လောက်စွာ ငါးဖမ်းဘုတ်တစီးနန့် ဂုံးချွိန်တိုက်နယ်၊ ဂေါ်တူရွာ အောက်နား ပင် လယ်ပြင်မာ င/နီတူ ပိုက်ဆွဲနီချိန် ချောင်းဝရွာနန့် ဂေါ်တူရွာကြား ပင်လယ်ပြင်မာ ကျောက်ချ ထားရေ နေဗီတစီးက အဆိုပါ ငါးဖမ်းဘုတ်ကို လက်နက်ကြီးနန့် (၄)ကြိမ်တိတိ ပစ်ခတ်ခပါရေ။
လက်နက်ကြီးကျည်တိစွာ ငါးဖမ်းဘုတ်ကို ထိမှန်မှုမဟိရေအတွက် ဘုတ်နန့် လူတိမထိခိုက်ဘဲ လိပ်ခမော်ဆိပ် ကမ်းသို့ ဝင်ရောက်နိုင်ခရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီရို့ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကပင် တကျော့ပြန် တိုက်ပွဲတိဖြစ်ပွားနီပြီးကေ စစ်ရီး၊ နိုင်ငံရီး၊ သံတမန်ရီး အဖက်ဖက်က ကျဆုံးနီရေ အကြမ်းဖက် စစ်ကောင်စီ စွာအပြစ်မဲ့ပြည်သူတိနီထိုင်ရာ မြို့ရွာတိကို ကြည်း၊ ရီ၊ လီ ဘက်ပေါင်းစုံက တိုက်ခိုက်နီရေအပြင် ဒေသခံ ပြည်သူလူထုကို ဖြတ်လေးဖြတ် လုပ်ပနာ လုပ်စားမရဘဲအငတ်ဖီးဆိုက်အောင် နည်းမျိုးစုံနန့် ဒုက္ခပီးလျက် ဟိပါရေ။
