
APM၊ ဖေဖော်ဝါရီ ၁၄ /၂၀၂၄
မောင်တောမြို့နယ်မာ ဒေနိဖေဖော်ဝါရီ ၁၄ ရက်နိ၊ မိုးထပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထောင်ထားရေ မိုင်းကို တက်နင်းမိလို့ ညောင်ချောင်း(မူဆလင်)ရွာက အသက်မပြည့်သိမ့်ရေ မူဆလင်တယောက် ခြီထောက် တဖက် ပြတ်ထွက်လားကြောင်း သိရပါရေ။
ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခရေ လူငယ်ကတော့ မောင်တောမြို့နယ်၊ ညောင်ချောင်း(မူဆလင်)ရွာက အဖ ဒီမာမောက်၏သား မာမတ်အာရစ် (၁၅နှစ်) ဖြစ်ပါရေ။
မာမတ်အာရစ်စွာ ဒေနိ၊ မိုးထ ၁၀ နာရီလောက်က ညောင်ချောင်းရွာမြောက်ဖက် မြို့သူကြီး၊(နခခ-၅) ခြံစည်း ရိုးနားမာ ငါးရှာနီချိန် စစ်ကောင်စီထောင်ထားရေ မိုင်းကို တက်နင်းမိပနာ ညာဖက်ခြီထောက် ဒူးဆစ်အောက် ပိုင်း ပြတ်ထွက်လားခပိုင်၊ ဘယ်ခြီထောက်အပါအဝင် ခန္ဓာအောက်ပိုင်းတခုလုံးမာ ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရလားခရေလိုဒေသခံတိက ပြောပါရေ။
လက်ဟိမာ မိုင်းနင်းမိလို့ ဒဏ်ရာရလားခရေ မာမတ်အာရစ်စွာ အရေးပေါ် ဆီးကုသမှု ခံယူနီရရေလို့ သိရပါရေ။
