
APM၊ ဂျန်နဝါရီ ၂၉/၂၀၂၄
၎င်းရို့အနီနန့် ကျဖျင်လုပ်ကိုင်သူ ၃၀၀၀ ခန့်ကို တ ရုတ်နိုင်ငံသို့ လွှဲပီးခကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ဂျန်နဝါရီ ၂၈ ရက်နိမာ သတင်းထုတ်ပြန်လိုက်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ “မိမိရို့ဖက်မှဖမ်းဆီးရ မိထားသော ကျဖျင်လုပ်ကိုင်သူ (၃၀၀၀) ဦးခန့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ဟိသူများထံသို့ မိမိတို့မှ လုံ ခြုံစွာ အပ်နှံထားခပြီးဖြစ်သည်” လို့ ဖော်ပြထားပါရေ။
သို့သော် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားရေ အဓိကကျရေ ကျဖျင်ဂေါင်းဆောင်ကြီးတိကိုတော့ စစ်ကောင်စီက အကာအကွယ်ပီးထားရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ယင်းအပြင် ၁၀၂၇ စစ်ဆင်ရီးရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့တွင်းစစ်ကောင်စီနန့်စစ်ကောင်စီလက်ဝီခံတိထိန်း ချုပ်ထားခ ရေနီရာတိက အွန်လိုင်း လောင်းကဇတ် (ကျဖျင်)လိမ်လည်လုပ်ကိုင်သူ (၃၆,၀၀၀) မှ (၄၀,၀၀၀)နီးပါးကို စစ်ကောင်စီက တရုတ်နိုင်ငံသို့လွှဲပီးခရေလို့ ဆိုပါရေ။
ယေကေလေ့ အေချင့်စွာ စစ်ရီးနိုင်ငံရီးဖိအားတိအောက်မာ မတတ်သာလို့ လွှဲပီးခစွာရာ ဖြစ်ပြီးကေ၊ အကယ်တန္တိ ၁၀၂၇ စစ်ဆင်ရီးရာ မဟိပါက ယင်းကျဖျင်လုပ်ကိုင်ရေလူတိစွာ အဂုထက် ပိုများလာဖို့လို့ ညီနောင် သုံးဖော်က ထောက်ပြပါရေ။
စစ်ကောင်စီ အပ်နှံလိုက်တေလူတိထဲမာ ဝရမ်းထု တ်ထားရေလူတချို့၊ ကျဖျင်ကုမ္ပဏီပိုင်သျှင်တိ၊ ရင်းနှီးမြှုပ်နှံလူတိပါဝင်ကေလေ့ ယင်းလူတိအထဲ တရုတ်နိုင်ငံက အရေး တကြီး အလိုဟိနီရေ၊ အရေးပါရေ အဓိကဂေါင်းဆောင်ကြီးတိ မပါဝင်သိမ့်လို့ သိဟိရပါရေ။
