APM ၊ ဂျန်နဝါရီ ၂၆ / ၂၀၂၄
ကုန်ခရေ ရက်ပိုင်းမာ နယ်ချဲ့အကြမ်း ဖက်၊ဖက်ဆစ်စစ် ဝါဒီ စစ်ကောင်စီတပ်က မင်းပြားမြို့နယ်၊ငတန်ပျင်းနန့် ဘားဘူတောင်ရွာရို့မှအပြစ်မဲ့အာရက္ခပြည်သူ ၃ ယောက် ကို ကောက်ကျစ်ယုတ်မာ၊လူမဆန်စွာ ရက်ရက်စက်စက်လိုင်လှီးသတ်ပစ်ကြောင်း ဒေသခံတိက ပြောပါရေ။
နယ်ချဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရက်ရက် စက် စက် လိုင်လှီးသတ်ဖြတ်လို့ သီဆုံးလားခရရေ အာရက္ခပြည်သူ ၃ ယောက်ကတော့ မင်းပြားမြို့နယ်၊ င / တန်ပျင်းရွာက ဒေါ်ဦးသန်းနု(၃၃ နှစ်)၊ဒေါ်မစိန်ဖြူ (၆၄ နှစ်)နန့် မင်းပြားမြို့နယ်၊ဘားဘူတောင်ရွာက ဦးမောင်စောသိန်း(၆၂ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ကုန်ခရေ ဂျန်နဝါရီ ၁၈ ရက်နိ၊ နိခင်း ၃ နာရီလောက်က ပေါက်တောဖက်မှ မင်းပြားမြို့သို့ စစ်ကူလာရေ အကြမ်းဖက် ဖက်ဆစ်စစ်ဝါဒီ စစ်ကောင်စီတပ်၏ နေဗီက စစ်ရာ ဇဝတ်ကောင်တိစွာ မင်းပြားမြို့နယ်၊ င/တန်ပျင်းရွာထဲသို့ဝင်ရောက် လာပြီးကေ ဒေါ် ဦးသန်းနုနန့် ဒေါ်မစိန်ဖြူ ရို့ကို အိမ်ထဲသို့ဝင်ပနာ အကြမ်းဖက် လိုင်လှီးသတ်ဖြတ်ခရေလို့ ထွက်ဗြီးလွတ်မြောက်လာရေ ရွာသားတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းနောက် စစ်ရာဇဝတ်မှုတိကို ပြောင် ပြောင်တင်းတင်းလက်ရဲဇက်ရဲ ကျူး လွန်နီရေ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် လူယုတ်မာတိစွာ င /တန်ပျင်းရွာနားက ဘားဘူ တောင်ရွာထဲသို့ ဝင်ရောက်ပြီးကေ ဦးမောင်စောသိန်းကိုလည်း နီအိမ်အတွင်းမာ လိုင်လှီးသတ်ပစ်ခပါသိမ့်ပါရေ။
နယ်ချဲ့မိစ္ဆာကောင်တိရန်က ထွက်ဗြီးတိမ်းယှောင်နီခရရေ ရွာသားတိ အိမ်သို့ပြန်လာကြည့်ချိန်မာ လိုင်လှီးပနာ သတ်ဖြတ်ခံထားရရေ ၎င်းရို့၏ ရုပ်အ လောင်းတိကို တွိခရပြီးကေ လက်ဟိမာတော့ အလောင်းတိကို ရပ်သူရွာသားတိက မြီမြုပ်သင်္ဂြိုလ်ထားပြီး ဖြစ်ကြောင်း သိရပါရေ။
ယင်းအပြင် နယ်ချဲ့မိစ္ဆာ အကြမ်းဖက်စစ်ကောင်စီတပ်စွာ မင်းပြားမြို့နယ်က ပြန်အထွက်မာလည်း င/ တန်ပျင်းရွာ၊ ဘာဘူတောင်ရွာနန့် ကျားရဲပြင်ရွာတိက လူနီအိမ်တိကို ဖောက်ထွင်းပနာ အာရက္ခပြည်သူရို့ပိုင်ဆိုင်ရေပစ္စည်းတိကို လု ယက် ခိုးယူလားရေအပြင် ပြည်သူရို့၏ စပါးကျီတိကိုလည်း မီးတိုက်လားခကြောင်း ဒေသရပ်ရွာတိက သိရပါရေ။