APM၊ ဂျန်နဝါရီ ၂၆/၂၀၂၄
ဒေနိ ဂျန်နဝါရီ ၂၆ ရက်နိ မိုးထ ၄ နာရီ မိနစ် ၂၀ ကစလို့ အကြမ်းဖက် စစ်ကောင်စီတပ်စွာ ရမ်းဗြဲမြို့ကို ဂျက်ဖိုက်တာ၊ Y-12 လီယာဉ်တိနန့် ဗုံးကြဲတိုက်ခိုက်နီရေလို့ ဒေသခံတိက ပြောလာပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းဗြဲမြို့ကိုဗုံးကြဲတိုက် ခိုက်နီစွာနန့် ပတ်သက်လို့ ရမ်းဗြဲဒေသခံတယောက်က ‘ညကလည်း တရက်လုံး နိရော၊ ညည့်ပါ ဗုံးကြဲနီခပါရေ။ ဒေနိ မိုးလင်းဝါ ၄ နာရီလောက်ပင် စလို့ မိုးထ ၈ နာရီလောက်အထိ ဂျက်ဖိုက်တာနန့် (၅) ခါထက်မနည်းလာကြဲရေ။ ယေပြီးကေ ၁၀ နာရီလောက်မာ Y-12 ရောက်ချလာပြီးကေ ဗုံးကြဲပြန်ရေ။ အဂုအချိန်အထိ Y-12 က (၈)ကြိမ်လောက်ဟိဖို့ယာ။ မြို့ထဲက မီးခိုးတိကို မြင်ရရေ။ ဇာရပ် ကွက်မီးလောင်နီရေဆိုဟာတော့ မှန်းမကျ”လို့ပြောပါရေ။
အလားတူ ဂျန်နဝါရီ ၂၅ ရက်နိ၊ မိုးထ ၇ နာရီ ၁၅ မိနစ်ကလည်း ရမ်းဗြဲမြို့သိမ်တောင်ဘုရားကုန်းမာတပ်စွဲထားရေ စစ်ကောင် စီတပ်စခန်းကမြို့ထဲသို့လက်နက်ကြီး ၁၆ လုံး ပစ်သွင်းခပြီးကေ မိုးထ ၉ နာရီ ၅၉ မိနစ်ကစလို့ ဂျက်ဖိုက် တာနန့် (၂၃) ကြိမ်၊ညဇာ ၇ နာရီ ၅၇ မိနစ်မာ Y-12 ထောက်ပို့လီယာဉ်နန့် (၁၂)ကြိမ် (ဗုံးသီး ၃၅လုံး) လာရောက်ဗုံးကြဲတိုက်ခိုက်ခပါသိမ့်ရေ။
ယင်းပိုင် အကြမ်းဖက် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှု၊ လီကြောင်းတိုက်ခိုက်မှုတိကြောင့် ရမ်းဗြဲမြို့ရပ်ကွက် အသီးသီးက လူနီအိမ်၊ အဆောက် အအုံတချို့ပျက် စီးလားခရပိုင်၊ ရမ်းဗြဲမြို့မဆီးရုံ၊ မြို့မဈီး၊ ရဲစခန်း၊ စည် ပင်ရုံးတိ မီးလောင် ပျက်စီးလားခကြောင်းလည်း သိဟိရပါရေ။