
(အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့က လူနီအိမ်၊ အဆောက်အအုံတိစွာ ညည့်နက်သိုင်ခေါင်အထိ မီးဟုန်းဟုန်းတောက် လောင်ကျွမ်းနီခရ)
APM၊ ဂျန်နဝါရီ ၂၇/၂၀၂၄
ဂျန်နဝါရီ ၂၆ ရက်နိမာလည်း အကြမ်းဖက် စစ်ကောင်စီက ရမ်းဗြဲမြို့ကို လီယာဉ်တိသုံးပနာ ဖျက်အားပြင်းဗုံးတိနန့် တရက်လုံး ဗုံးကြဲတိုက်ခိုက်နီခကြောင်း ညီနောင်မဟာ မိတ်(၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ဂျန်နဝါရီ ၂၆ ရက်နိ၊ ညည့် ၁၁ နာရီ မိနစ် ၅၀ မာ ထုတ်ပြန်ရေ ညီနောင်(၃)ဖွဲ့၏ စစ်သတင်းထုတ်ပြန်ချက်ထဲမာ “ရက္ခိုင်ဒေသစစ်မျက်နှာစာ၌ အယှုံးကြီးယှုံးနိမ့်နီသောစစ်ကောင်စီမှ ရမ်းဗြဲမြို့အား အငြိုးအတေးထားကာ မြို့ပြို ပျက်စီရန်ရည်ရွယ်ချက်ဖြင့် အယင်နိကပင် ဒေနိတရက်လုံးထိ ဂျက်ဖိုက်တာများသုံးကာ လီကြောင်းမှ ဖျက်အားပြင်းဗုံးများနှင့် ကြဲချတိုက်ခိုက်ခြင်းများ ဆက်လက်ပြု လုပ်လျက်ဟိသည်” လို့ ထည့်သွင်း ဖော်ပြထားပါရေ။
Arakan Princess Media ၏မြီပြင်သတင်းစုံစမ်းချက်တိအရ အကြမ်းဖက်စစ်ကောင်စီစွာ ဂျန်နဝါရီ၂၆ ရက်နိ၊ မိုးထ ၄ နာရီ မိနစ် ၂၀ ကပင် ညည့် ၉ နာရီအချိန်အထိ ဂျက်ဖိုက်တာနန့် (၉)ကြိမ်၊ Y-12 ထောက်ပို့လီယာဉ်နန့်(၈)ကြိမ် အပြင် သိမ်တောင်ဘုရားကုန်းဟိ စစ်ကောင်စီတပ်စခန်းကပါ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
ယင်းပိုင် လီကြောင်း၊ လက်နက်ကြီးတိနန့် ဗုံးကြဲ၊ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်၊ ရွှီတုံး
ရပ် လမ်းမကြီးတလျှောက်က လူနီအိမ်တိ မီးဟုန်းဟုန်း တောက် လောင်ကျွမ်းနီပြီးကေ၊ရမ်းဗြဲမြို့လယ်ဟိ အောင်ဓမ္မဗိမာန်ဓမ္မာရုံဝန်းကျင်လည်း ညည့်နက်သိုင်ခေါင်အထိ မီးဟုန်းဟုန်တောက် လောင်နီခရေလို့ ဒေသခံတိက ပြောပါရေ။
ဂျန်နဝါရီ၂၅ ရက်နိကလည်း ရမ်းဗြဲမြို့သိမ်တောင်ဘုရား ကုန်းမာတပ်စွဲထားရေ စစ်ကောင်စီတပ်စခန်းကမြို့ထဲသို့ လက်နက်ကြီး ၁၆လုံး ပစ်သွင်းခပြီးကေ ဂျက်ဖိုက်တာနန့် (၂၃) ကြိမ်၊ Y-12 ထောက်ပို့လီယာဉ်နန့် (၁၂)ကြိမ်ဗုံးကြဲတိုက်ခိုက်ခရေအတွက် ရမ်းဗြဲမြို့ ရပ်ကွက်အသီးသီးက လူနီအိမ်၊ အဆောက်အအုံတချို့ပျက်စီးလားခပိုင်၊ ရမ်းဗြဲမြို့မဆီးရုံ၊ မြို့မဈီး၊ ရဲစခန်း၊ စည်ပင်ရုံးတိလည်း မီး လောင်လားခရပါသိမ့်ရေ။











