APM၊ ဖေဖော်ဝါရီ ၂၁/၂၀၂၄
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒေရက်ပိုင်းအတွင်း မူဆလင်လူငယ်တိကို အတင်းအဓမ္မ စစ်သားစုဆောင်းနီရေလို့ သိရပါရေ။
“စစ်ကောင်စီတပ်က ကျနော်ရို့ မူဆလင်ရွာတိမာ လူငယ်တိကို အဓမ္မစစ်သားစုဆောင်နီစွာ မှန်ပါရေ။ တချို့တိစွာ သင်တန်းတောင် တက်နီကတ်ပါဗျာယ်။ ကျနော်ကြားစွာက ငကျိုင်တောက်၊ ပုဇွန်ချောင်း၊ တပ်မင်းချောင်း၊ ကျောက်ဖြူတောင် ရွာတိက တရာကျော်ပါလားရေလို့ သိရပါရေ”လို့ ဘူးသီးတောင်ဒေသခံ မူဆလင်တယောက်က ပြောပါရေ။
အတင်းအဓမ္မစစ်သားစုဆောင်းရေ စစ်ကောင်စီတပ်ရင်း တိကတော့ခါ ဘူးသီးတောင်အခြီစိုက် ခမရ (၃၅၃) နန့် ခမရ (၅၃၅)ရို့ဖြစ်တေလို့ သူက ဆိုပါရေ။
Arakan Princess Media စုံစမ်းသိရသလောက်ကတော့ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီ ၁၉ ရက်နိညည့်အချိန်မှ ဖေဖော် ဝါရီ ၂၀ ရက်နိ၊ နိခင်းပိုင်းထိ ငကျိုင်တောက်ရွာက မူဆလင်လူငယ် (၃၃) ယောက်၊ ပုဇွန်ချောင်းရွာက (၁၃) ယော က်၊ တပ်မချောင်းရွာက အယောက်(၅၀) ခေါ်ယူလားခပြီးကေ ကျောက်ဖြူတောင်ရွာက ခေါ်လားရေ အရေအတွက်ကိုတော့ စုံစမ်းဆဲဖြစ်ပါရေ။