APM ၊ ဂျန်နဝါရီ ၁ / ၂၀၂၄
၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၃၁ ရက်နိ၊ မိုးထပိုင်းက မောင်တောမြို့နယ်မာ အကြမ်း ဖက် စစ်ကောင်စီတပ်က လက်နက် ကြီးတိနန့် ယမ်းကားပစ်ခတ်လို့ ဒေသခံပြည်သူ ၃ ယောက်ထိခိုက် ဒဏ်ရာရလားခပါရေ။
စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရလားခရေ ဒေသခံတိက တော့ မောင်တောမြို့နယ်၊ ဇော်မတက်ကျေးရွာအုပ်စု၊ ကိုင်းကြီး(မြို)ရွာက အဖဦရွှေလီ၏သမီးချေ မရောင်လန်း (၁၁နှစ်)၊ အဖ ဦးမောင်ကျော်သိန်း၏ သမီး မထွီး (၁၇နှစ်)နန့် အဖ ဦနီအောင်၏သား ကိုအောင်နိုင်ဌေး(၁၉နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဒီဇမ်ဘာ ၃၁ ရက်နိ၊ မိုးထ ၈ နာရီ မိနစ် ၃၀ က မောင်တောအခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ် “မောရဝတီဗျူဟာ”ကနီ အရပ်သားပြည်သူတိနီထိုင်ရေရပ်ရွာတိသို့ လက်နက်ကြီးတိနန့် (၂) ကြိမ် တိုင်တိုင် ဦးတည်ပစ်ခတ်ခပါရေ။
ယင်းပိုင် ပစ်ခတ်လိုက်တေ လက်နက် ကြီးကျည်စွာ ကိုင်းကြီး(မြို)ရွာ လမ်းမထက် ကျရောက်ပေါက်ကွဲပနာ လမ်းမထက်မာလားနီကတ်တေ မရောင်လန်း ၊ မထွီး၊ ကိုအောင်နိုင်ဌေးရို့ကို ကျည်စထိမှန်လားခရေလို့ မျက်မြင်ရွာသားတိကပြော ပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ လက်နက် ကြီး ကျည်စ ထိမှန်မှုကြောင့် မရောင်လန်း၏ ဘယ်ဖက်ဒူးဆစ် ဒဏ်ရာရ လားခရေပိုင်၊ မထွီး၏ ညာဖက်ပါးနန့် ကိုအောင်နိုင်ဌေး၏ ညာဖက်နားရို့မာ ဒဏ်ရာကိုယ်စီ ရလားခကတ်ပါရေ။
ရက္ခိုင်ပြည်မာ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက််နိကစလို့ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲတိစတင်ခပြီးနောက်ပိုင်း စစ်ကောင်စီစွာ အပြစ်မဲ့ အရပ်သားပြည်သူတိနီထိုင်ရေ မြို့ ရွာတိကိုလက်နက်ကြီး၊ လက်နက်ချေတိ၊ စစ်သင်္ဘော၊ ဒရုန်း၊ ရဟတ်ယာဉ်၊ တိုက်လီယာဉ်တိနန့် ရည်ရွယ် ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လိုဟိနီပါရေ။