(သုံးလတာ တိုက်ပွဲအတွင်း ရက္ခိုင်နန့်ပလက်ဝ ဒေသဟိ မြို့ (၆)မြို့ကစစ်ကောင်စီ၏ စစ်ဖက်၊ ရဲဖက် တပ်စခန်း တိအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် အတည်ပြု)
APM၊ ဖေဖော်ဝါရီ ၁၆/၂၀၂၄
စစ်ပွဲအယှုံးတိကြောင့်သွီးပျက်ကြောက်လန့်နီရေအကြမ်း ဖက်စစ်ကောင်စီစွာ လူမျိုးရီးအမုန်းတရားတိကို အခြီခံပနာ ရက္ခိုင်ပြည်၊မြို့ရွာတိကို ဦးတည် တိုက်ခိုက်နီကြောင်း ရက္ခိုင့်တပ်တော်(AA)က ဖေ ဖော်ဝါရီ ၁၅ ရက်နိမာ ထုတ်ပြန်ပြောဆိုလိုက်ပါရေ။
ရက္ခိုင့်တပ်တော်၏ ဖေဖော်ဝါရီ ၁၅ ရက်နိ ထုတ်ပြန်ချက် မာ”စစ်ကောင်စီသည် စစ်ပွဲအယှုံးများကြောင့်သော်လည်း ကောင်း၊ လူမျိုးရီး အမုန်းတရားများကို အခြီခံ၍ လည်း ကောင်း၊ သွီးပျက် ကြောက်လန့်နီ၍ လည်းကောင်း လက် နက်ကြီးများဖြင့်မိမိရို့၏မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ဟိသည်”လို့ ဖော်ပြထားပါရေ။
အထူးသဖြင့် ရမ်းဗြဲမြို့စွာ စစ်ကောင်စီ၏ လီကြောင်း၊ရီကြောင်း၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအများဆုံးမြို့ဖြစ်တေပိုင်၊ ဖေဖော်ဝါရီ ၁၄ ရက်နိကစလို့ စစ်ကောင် စီစွာ ရသေ့တောင်မြို့နန့် မြို့နားဟိ ရွာတိကို လီကြောင်း၊ ရီကြောင်း၊ လက် နက်ကြီးတိနန့် ပစ်ခတ် တိုက်ခိုက်နီရေအတွက် ရသေ့တောင်မြို့စွာ ရမ်းဗြဲပြီးကေ စစ်ကောင်စီ ၏ ဒုတိယပစ်မှတ်ထားရေ မြို့တမြို့ဖြစ်လာခပါရေ။
ယင်းနည်းတူ ဖေဖော်ဝါရီ ၁၅ ရက်နိမာလည်း ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားရေ ပလက်ဝမြို့ကို အကြမ်းဖက်စစ် ကောင်စီက ဂျက်တိုက်လီယာဉ်တစ်စီးနန့် လာရောက်ပစ် ခတ်တိုက်ခိုက်ခပါရေ။
အလားတူ ဖေဖော်ဝါရီ ၁၁ရက်နိကလည်း စစ်ကောင်စီစွာ ပလက်ဝမြို့ကို ဂျက်ဖိုက်တာတစီးနန့် ဗုံးကြဲပနာ လီယာဉ် ထက်က စက်သီနတ်နန့်ပါ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခလို့ဒေသခံအရပ်သား၂ယောက်အပြင် ရက္ခိုင့်တပ်တော်ဖမ်းရထားရေ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်း တချို့လည်း သီဆုံးလားခပါသိမ့်ရေ။
အခြားတဖက်မာ အကြမ်းဖက်စစ်ကောင်စီစွာ ဖေဖော်ဝါ ရီ ၁၄ ရက်နိကစလို့ ရသေ့တောင်၊ရမ်းဗြဲ၊မောင်တောမြို့တိဟိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတိကို ကုန်းကြောင်း၊ရီကြောင်း၊ လီကြောင်းတိက အပြင်းအထန် ခုခံတိုက်ခိုက် လာနီရေလို့ ဆိုပါရေ။
ရက္ခိုင့်တပ်တော်၏သုံးလတာစစ်ဆင်ရီးအပြီးမာ ရက္ခိုင့် တပ်တော်စွာ ရက္ခိုင်နန့်ပလက်ဝဒေသအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စရေ မြို့ (၆) မြို့က စစ်ကောင်စီ ၏ စစ်ဖက်၊ ရဲဖက် တပ်စခန်းတိကို သိမ်းပိုက်ရယူထားပြီးဖြစ်ပါကြောင်း ရက္ခိုင့်တပ်တော်က အတည် ပြုပါရေ။
လက်ဟိမာ ရက္ခိုင်ဒေသအတွင်း အကြမ်းဖက်စစ်ကောင် စီနန့်ရက္ခိုင့်တပ်တော်ရို့၏တိုက်ပွဲတိ ဆက် လက်ပြင်းထန် နီပြီးကေ ရမ်းဗြဲကျွန်းတိုက်ပွဲတိလည်း ခပ်စိပ်စိပ်ဖြစ်ပွားနီကြောင်း ထုတ်ပြန်ချက်က ဆိုပါရေ။
တပြိုင်နက်တည်းမာ ရက္ခိုင်ဒေသအတွင်းစစ်ကောင်စီ၏ စစ်ဖက်၊ ရဲဖက် တပ်စခန်းတိကို “တခုလေ့ မကျန်စီရ”ဆိုရေ စစ်ရီး ရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်က ဗျူ ဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက် ဟိနီပြီးကေ၊ အခြားတဖက်မာ စစ်ကောင်စီဖက်ကလည်း ကြည်း၊ ရီ၊ လီပူးပေါင်းခုခံစစ်ကိုဆင်နွှဲ လျက်ဟိနီရေလို့ ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။