
APM၊ ဖေဖော်ဝါရီ ၂၃ /၂၀၂၄
အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားရေ မိုင်းကို တက်နင်းမိလို့ ဖေဖော် ဝါရီ ၂၃ ရက်နိ မိုးထပိုင်းမာ မြေပုံမြို့နယ်က ဒေသခံပြည်သူတယောက် ညာခြီထောက်နန့် ညာလက် ပြတ်ထွက်လားခရေလို့ သိရပါရေ။
စစ်ကောင်စီမိုင်းကို တက်နင်းမိလို့ ညာဖက်ခြီထောက်နန့် ညာဖက်လက်ပြတ်ထွက်ပနာ ပြင်းထန်ဒဏ်ရာ ရလား ခရေလူကတော့ မြေပုံမြို့နယ်၊ နပျိုးချောင်းရွာက ဦးမောင်ကြီး (၅၀ နှစ်) ဖြစ်ပါရေ။
ဦးမောင်ကြီးစွာ ဖေဖော်ဝါရီ ၂၃ ရက်နိ မိုးထ ၉ နာရီ ၄၅ မိနစ်လောက်မာ ရွာနားက တောင်မာ ကျွဲအတွက် မြက်လားရိတ်ချိန် စစ်ကောင်စီတပ်ထောင်ထားခရေ မိုင်းကို တက်နင်းမိခရေလို့ ရွာသားတိက ပြောပါရေ။
အယင်က ယင်းတောင်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ တပ်စွဲနီထိုင်ခပြီးကေ ပြန်ထွက်လားခါ မိုင်းထောင်ပစ်ခစွာလို့ ရွာသားတိက အခိုင်အမာ ဆိုပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးမောင်ကြီး၏ ညာဖက်ခြီထောက် ဒူးဆစ်အောက်ကနီပြတ်ထွက်လားခပြီးကေ ညာဖက်လက်လည်း လက်ခုံကနီပြတ်ထွက်လားခပနာ ခန္ခာကိုယ်အနှံ့မာလည်း ပြင်းထန်ဒဏ်ရာတိ ရဟိလားခ ရေလိုဆိုပါရေ။
လက်ဟိမာ ဦးမောင်ကြီးစွာ အရေးပေါ် ဆီးကုသမှု ခံယူနီရရေလို့ သိဟိရပါရေ။
