ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ရို့ဟိ လက်နက်ချ အညံ့မခံရေ အ ကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတိကို ရက္ခိုင့်တပ်တော် ဆက်လက်တိုက်ခိုက်နီ
APM၊ ဖေဖော်ဝါရီ ၂၃/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နိမာ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနားဟိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလိကျင့်ရီးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က (၅) ရက်မြောက်နိအဖြစ် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိရေလို့ သတင်းထုတ်ပြန်ပါရေ။
ဒေနိခါလည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စရေ မြို့နယ်တိက လက်နက် ချ အညံ့မခံရေ အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊တပ်ရင်း၊ တပ်မဌာနချုပ်တိကို ရက္ခိုင့်တပ်တော်က ဗျူဟာမြောက်တိုက်ပွဲတိဆက်လက် ဆင်နွှဲပနာ ရန်သူ့စခန်းတချို့ကို အပြီးသတ် သိမ်း ပိုက်ရယူနိုင်ရီးအတွက် ထိုးစစ်တိ ဆက်တိုက် ဆင်နွှဲနီရေလို့ ရက္ခိုင့်တပ်တော်က ဖော်ပြပါရေ။
တချိန်တည်းမာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တော င်၊ ဘူးသီးတောင်မြို့တိမာဟိရေ စစ်ကောင်စီ ၏ တပ်စခန်းတိစွာ လက်နက်ကြီးတိနန့် မြို့၊ ရွာ၊ လူနီအိမ်တိအတွင်းသို့ ယမ်းကား ပစ်ခတ်တိုက်ခိုက်မှုတိလည်း အယင်ရက်တိနည်းတူ ပြုလုပ်နီပါရေ။
ရက္ခိုင့်တပ်တော်စွာ ရက္ခိုင်နန့် ပလက်ဝဒေသအ တွင်း စစ်ဆင်ရီးကို ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကပင် စတင်ခပြီး ဒေနိအထိ ထိုးစစ်ဆင် တိုက် ခိုက်မှုတိကို တရက်မှ မတန့်ခဘဲရန်သူကို မဟာဗျူ ဟာမြောက်ထိုးစစ်ဆင်တိုက် ခိုက်နီရေလို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ယင်းပိုင်တိုက်ခိုက်ရာမာ သုံးလကျော်ကာလအတွ င်း ရန်သူစစ်ကောင်စီ၏ ကြည်း၊ ရီ၊ လီ ခုခံမှုတိကြားက ရန်သူ့တပ်စခန်းပေါင်း မြောက်မြားစွာကို သိမ်းပိုက်ရယူထားပြီဖြစ်တေလို့လည်း ရက္ခိုင့်တပ်တော်က ပြောပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော်အနီနန့် သတ်မှတ်ထားရေ စစ်ဆင်ရီးပစ်မှတ်တိကို တခုပြီးတခု ဆက်လက် ခြီမှုန်းထိုးစစ်ဆင်တိုက်ခိုက်နီရေပိုင်၊ လက်နက်ချ အညံံ့မခံသိမ့်ရေစခန်းတိကိုလည်း ဆက်လက်သိမ်း ပိုက်နိုင်ရီးအတွက်တစိုက်မတ်မတ် ကြိုးပမ်းနီရေလို့ ဆိုပါရေ။
အလားတူ မိမိရို့သတ်မှတ်ထားရေ စစ်ရီးရည်မှန်း ချက်တိကို ဆက်လက်အကောင်ထည် ဖော်ယင်း ရန်သူ၏စစ်ရီးတုံ့ပြန်မှု နန့် ခုခံစစ်အပေါ် မူတည်ပနာ စစ်ဆင်ရီးကို တဆင့်ချင်း တဆင့်ချင်း မြှင့်တင် ဆောင်ရွက်လားဖို့လို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။