
APM၊ ဖေဖော်ဝါရီ ၂၂/၂၀၂၄
ဒေနိ၊ ဖေဖော်ဝါရီ ၂၂ ရက်နိမာ ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ၎င်းရို့သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ဖေဖော်ဝါရီ ၂၂ ရက်နိ သတင်းထုတ် ပြန်ချက်ထဲမာ “ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား ဒေနိတွင် သိမ်းပိုက်ရဟိခပြီးဖြစ်သည်”လို့ ဖော်ပြပါဟိပါရေ။
ရက္ခိုင့်တပ်တော်စွာ ရက္ခိုင်နန့် ပလက်ဝဒေသအတွင်း စစ်ဆင်ရီးကို ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကပင် စတင် ခပြီး ဒေနိအထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတိကို တရက်မှ မတန့်ခဘဲ ရန်သူကို မဟာဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိရာ ရန်သူ၏ ကြည်း၊ ရီ၊ လီ ခုခံစစ်တိကြားက ရန်သူ၏ ဗျူဟာ၊ စကခဌာနချုပ်၊ တပ်ရင်း၊ တပ် မဌာနချုပ်၊ ရဲတပ်ရင်း၊ ရဲစခန်းပေါင်း မြောက်မြားစွာကို သုံးလကျော်ကာလအတွင်းမာ သိမ်းပိုက်ရယူထားပြီဖြစ် တေလို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော်အနီနန့် သတ်မှတ်ထားရေ စစ်ဆင်ရီးပစ်မှတ်တိကို တခုပြီးတခု ဆက်လက်ခြီမှုန်း ထိုးစစ်ဆင်တိုက်ခိုက်လို့ဟိရေပိုင်၊ လက်နက်ချ အညံ့မခံသိမ့်ရေ စခန်းတိကို ဆက်လက် သိမ်းပိုက်နိုင်ရီးအတွက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ဟိရေလို့လည်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါရေ။
