APM ၊ ဂျန်နဝါရီ ၂ / ၂၀၂၄
ဒေနိ (ဂျန်နဝါရီ ၂ ရက်နိ) မိုးထ ၄ နာရီလောက်က စလို နယ်ချဲ့မိစ္ဆာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်စွာ တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမဟိပါဘဲ မင်းပြားမြို့ကို ယုတ်မာကောက်ကျစ်စွာ လက်နက်ကြီးတိနန့် ဆက်တိုက်ပစ် ခတ်တိုက်ခိုက်ခကြောင်း သိရပါရေ။
မင်းပြားအခြီစိုက် နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်ရင်းတိဖြစ်တေ ခမရ (၃၈၀) ၊ ခမရ (၃၇၉) ၊ ခမရ (၅၄၁) တပ်ရင်းတိကနီ မင်းပြားမြို့ထဲသို့ လက်နက်ကြီးနန့်အကြိမ်ပေါင်း (၃၀) ထက်မနည်း ကောက်ကျစ်စဉ်းလဲစွာ ရည်ရွယ်ချက်ဟိဟိ ဆက်တိုက်ပစ်ခတ် တိုက်ခတ်ခရေလို့ မြို့ခံတိက ပြောပါရေ။
ယင်းအထဲက လက်နက်ကြီး ကျည် ၃ လုံး မင်းပြား၊ ပြည်တော်သာ ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခလို့ အိမ် ၃ ဆောင်ပျက်စီးလားခပြီးကေ ယင်းရပ်ကွက်၊ အခြီခံပညာမူလတန်းလွန်ကျောင်းလည်း အုတ်ထရံတိ ပျက် စီးလားခရေလို့ ဆိုပါရေ။
အလားတူ မင်းပြားမြို့မဈီးထဲသို့လည်း လက်နက်ကြီးကျည်တလုံးကျရောက် ပေါက်ကွဲခလို့ ဆိုင်ခန်းတိပျက်စီးလားခရေပိုင်၊ မင်းပြားဆီးရုံကြီးအနားမာလည်း လက်နက်ကြီးကျည်တိ ကျရောက်ပေါက်ကွဲခကြောင်းသိရပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၁ ရက်နိ ညဇာ ၆ နာရီလောက်ကစလို့ ဒေနိမိုးထ ၆ နာရီအထိ မင်းပြားအခြီစိုက် စစ်ကောင်စီတပ်ရင်းတိက မင်းပြားမြို့ထဲကို လက် နက်ကြီးနန့်တင်မက လက်နက်ချေတိနန့်ပါ ယမ်းကား ပစ်ခတ်တိုက်ခိုက်ခပါသိမ့်ရေ။