APM ၊ ဒီဇမ်ဘာ ၃၁/၂၀၂၃
ရက္ခိုင့်တပ်တော် (AA) က ဒီဇမ်ဘာ ၃၀ ရက်နိ၊ မိုးထပိုင်းမာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းကို အပြီးသတ် သိမ်းပိုက်လိုက်တေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ကယင်းနိ၊ ညည့် ၁၁ နာရီ မိနစ် ၅၀ မာ သတင်း ထုတ်ပြန်ပါရေ။
မြောင်းဘွေရဲစခန်းကို AA သိမ်းပိုက်ခြင်းနန့် ပတ်သက်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ “အရပ်သားပြည်သူလူထုအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်နီသော စစ်ကောင်စီ လက်အောက်ခံ မြောင်းဘွေရဲစခန်းအား ဒေနိ၊ မိုးထတွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခသည်” လို့ ဖော်ပြပါရေ။
ဒီဇမ်ဘာ ၃၀ ရက်နိ၊မိုးထ၂ နာရီလောက်က မြောင်းဘွေ ရဲစခန်း ကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင် တိုက်ခိုက်နီချိန်အတွင်း ရဲစခန်းက ထွက်ဗြီးလားရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ မောင်ညိုကျွန်းရွာအနားက လယ်ကွင်းမာ စပါးရိတ်နီကတ်တေ ၁၃ နှစ်အရွယ် မူဆလင်ယောင်္ကျားချေ ၁ ယောက် နန့် မူဆလင်ရွာသား ၃ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်လားခပြီးကေ ပီပင်ရင်းရွာကိုလည်း ယင်းတပ်ဖွဲ့ဝင်တိက လက်နက်ချေတိ နန့် အချက်ပေါင်းများစွာ ပစ်ခတ်ခရေလို့ ညီနောင်(၃)ဖွဲ့က ဆိုပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၃၀ ရက်နိ၊မိုးထ ၈ နာရီမာ ကျောက်တော် အခြီစိုက် စစ်ကောင်စီတပ်၊ “စကခ (၉)” က တောင်ရှည်တောင်သို့ အတွဲလိုက်ဒုံးတိနန့်အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခရေပိုင်၊ နိခင်း ၂ နာရီ လောက်မာလည်း စစ်ကောင်စီစွာ Y12ထောက်ပို့ရဟတ်ယာဉ် (၂) စီးနန့်ပလက်ဝမြို့နယ်က ဆမီးရွာနန့် ကျောက်တော်မြို့နယ်က တောင်ရှည်တောင်အနားတဝိုက် ရွာတိကို ဗုံးကြဲ တိုက်ခိုက်ခလို့ ယင်းရွာတိအပါအဝင် အနားဟပ်စပ်ရပ်ရွာတိက ဒေသခံအများအပြား ထွက်ဗြီးတိမ်းယှောင်နီကတ်ရရေလို့လည်း သိရပါရေ။
ယင်းနောက် ဒီဇမ်ဘာ ၃၀ ရက်နိ၊ မိုးထ ၁၁ နာရီလောက်မာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀) လောက်က ရမ်းဗြဲမြို့ရပ်ကွက်တချို့ကို လူမဆန်စွာ တ လိတမင် မီးတိုက်ခရာ ရမ်းဗြဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ လောင်းချောင်းအရပ်ဟိ ဒေသခံပြည်သူရို့၏နီအိမ်အချို့ မီးလောင်ပျက်စီးခရပိုင်၊ ယင်းနိ၊ နိခင်း ၁၂ နာရီလောက်မာလည်း အကြမ်းဖက်စစ်ကောင်စီ၏ ကမ်းထိုးဇက်နေဗီ (၃)စီးက ပေါက်တောမြို့ကို လက်နက်ကြီးတိနန့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်တေအတွက် ပေါက်တောမြို့ကရပ်ကွက်တခု မီးလောင်ခရရေလို့လည်း ညီနောင်မဟာ မိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။