APM၊ ဖေဖော်ဝါရီ ၂၂/၂၀၂၄
အကြမ်းဖက်စစ်ကောင်စီစွာ ဒေနိမာလည်း ရမ်းဗြဲမြို့ကို Mi-35ရဟတ်ယာဉ်အပါအဝင် Y-12ထောက်ပို့လီယာဉ်တိနန့် အကြိမ်ပေါင်း(၉၀)ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခရေပိုင် နေဗီကလက်နက်ကြီးနန့်ပါ ဆက်တိုက်ပစ်ကြောင်း သိရပါရေ။
“အေနိခါ ညဇာ ၅ နာရီကစလို့ ၇ နာရီ ၁၁မိနစ် အထိ Y-12 နှစ်စီးနန့်(၈၉) ကြိမ်၊ Mi-35 နန့် (၁)ကြိမ် ဗုံးလာကြဲပါရေ။ ညည့် ၁၀နာရီကျော်ကပင် နေဗီက အဂုထိဆက်တိုက် ပစ်နီပါရေ။ ထူးခြားစွာက Y-12 တိ
နန့် မြို့နားတဝိုက် ပတ်လို့ကြည့်ပါရေ။ နောက်ထပ် ရွာတိကိုပါ ပစ်ဖို့ရည်ရွယ်လား တော့မသိပါ” လို့ ရမ်းဗြဲဒေသခံက ပြောပါရေ။
ညက ဖေဖော်ဝါရီ ၂၁ ရက်နိကလည်း ညည့် ၉ နာရီ ၁၉မိနစ် ကပင် ၁၁ နာရီနီးပါးထိ Y-12 နန့် (၉) ကြိမ်တိတိ ရမ်းဗြဲမြို့ကိုဗုံးလာကြဲခါ ရမ်းဗြဲမြို့၊အမှတ် (၃)အင်းတောင်ရပ်ကွက်ဟိ လူနီအိမ် အဆောက်အ အုံတချို့ပျက်စီးခရေလို့သူက ဆိုပါရေ။
အကြမ်းဖက် စစ်ကောင်စီစွာ ရမ်းဗြဲမြို့ကို အငြိုးအတေးကြီးစွာနန့် တမြို့လုံး ပြာမကျမချင်း နိစဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နီရေလို့ ဒေသခံတိက ပြောပါရေ။