ရက္ခိုင်ပြည် မြို့နယ် ၅ ခုမှာ တိုက်ပွဲတိ ဆက်ဖြစ်နီ
မင်းပြားသို့စစ်ကူလာရေ စစ်ကောင်စီနေဗီ သင်္ဘောတိကို ရက္ခိုင့်တပ်တော် ဟန့်တား တိုက်ခိုက်နိုင်
APM၊ ဂျန်နဝါရီ ၂၆/၂၀၂၄
ဂျန်နဝါရီ ၂၅ ရက်နိမာလည်း ရက္ခိုင်ပြည်က မြို့နယ် ၅ ခုမာ ရက္ခိုင့်တပ်တော်(AA)နန့် စစ်ကောင်စီတပ်ရို့အကြား တိုက်ပွဲတိ ဆက်လက်ဖြစ်ပွားနီပြီးကေ မင်းပြားသို့ စစ်ကူလာရေ စစ်ကောင်စီ နေဗီသင်္ဘောတိကို ရက္ခိုင့်တပ်တော် (AA)က ဟန့်ထား တိုက်ခိုက်နိုင်ခကြောင်း ညီနောင်မဟာ မိတ်(၃) ဖွဲ့က သတင်းထုတ်ပြန်ပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ထုတ်ပြန်ချက်အတွင်း” ရက္ခိုင် ပြည် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နန့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီရို့ကြား ထိတွိတိုက်ပွဲတချို့ ဆက်လက် ဟိနီခသည်။ မင်းပြားတိုက်ပွဲ၌ ရန်သူ့ဖက်မှ ကြည်း၊ ရီ၊ လီ ထိုး စစ်ဖြင့် တပြိုင်နက်တည်း ခုခံကာကွယ်လျက်ဟိခသည်” လို့ ဖော်ပြထားပါရေ။
စစ်မြီပြင်အနီအထားမာ တပန်းသာနီရေ ရက္ခိုင့်တပ်တော်က မင်းပြားသို့ စစ်ကူလာရေစစ်ကောင်စီ၏နေဗီသင်္ဘောတိကို ဟန့်တားတိုက်ခိုက်နိုင်ခ ရေလို့ ညီနောင် (၃)ဖွဲ့က ဆိုပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၂၅ ရက်နိက ရမ်းဗြဲမြို့မာ မြီပြင်တိုက်ပွဲကြီးကြီးမားမားမဟိဘဲ အောက်တန်းကျပြီး ယုတ် မာရေ စစ်ကောင်စီစွာ Y-12 လီယာဉ်တိနန့်ရမ်းဗြဲမြို့တွင်းသို လီကြောင်းက တလိတမင် ရည်ရွယ်ချက်ဟိဟိ ဗုံးကြဲချမှုနန့် လက်နက်ကြီးပစ်ခတ်မှုတိကို တဖက်သတ်အဓိက ဦးတည်တိုက်ခိုက်ခရေလို့လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။
