
APM၊ ဖေဖော်ဝါရီ ၁၄/၂၀၂၄
ကျောက်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစွာ ဖေဖော်ဝါရီ ၁၃ ရက်နိက Y-12 ထောက်ပို့ လီယာဉ်နန့် ဗုံးအလုံး ၃၀ ကျော် ကြဲချခကြောင်းညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ဖေဖော်ဝါရီ ၁၃ ရက်နိထုတ်ပြန်ချက်ထဲမာ “အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီ၏ Y-12 ထောက်ပို့လီယာဉ်တစီးသည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် တိုက်နယ်၊ နပျိုးချောင်းရွာနန့် အနားပတ်ဝန်းကျင်နီရာများသို့ လီကြောင်းမှ ဗုံးအလုံးပေါင်း (၃၀)ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခသည်” လို့ဖော်ပြထားပါရေ။
အကြမ်းဖက် စစ်ကောင်စီ၏ အဆိုပါလီကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂုံးချွိန်တိုက်နယ်၊ ကုလာဘာရွာ၊ အူချေထောင့်က အပြစ်မဲ့အရပ်သားပြည်သူရို့၏ နီအိမ် ၄ လုံး ပျက်စီးလားခရေလို့လည်း သိဟိရပါရေ။

Please follow and like us: