
စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်း ၁၄ လောင်း အပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရဟိ
APM၊ ဖေဖော်ဝါရီ ၁၇/၂၀၂၄
မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာနားဟိအကြမ်းဖက်စစ် ကောင်စီ၏ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၆ရက်နိ၊ မိုးထ ၆ နာရီမာ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ဖေဖော်ဝါရီ ၁၆ ရက်နိ ထုတ်ပြန်ချက်အရ “ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ မောင်တော ဒေသဟိ ဗောဓိကုန်းစခန်းအား ဖေဖော်ဝါရီ ၁၅ရက်နိ၊ မိုးထ ၆ နာရီ ၂၀ မိနစ်မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက် ရာ၊ ထိုးစစ်ဆင် တိုက်ခိုက်ချိန်၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီ ၁၆ ရက်၊မိုးထ ၆နာရီခန့်အချိန်တွင် အဆိုပါစခန်းတခု လုံးအား ရန်သူ၏လီကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားမှ မိမိရို့ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခကြောင်း” ဖော်ပြထားပါရေ။
အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံးနန့် သိမ်းပိုက်ရယူနိုင်ခရေ ဗောဓိကုန်းစခန်းသိမ်းတိုက်ပွဲမာ စစ်ကောင် စီတပ်ဖွဲ့ဝင်အလောင်း ၁၄ လောင်းနန့် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခကြောင်း ရက္ခိုင့်တပ်တော် က ထုတ်ပြန်ပါရေ။
