APM၊ ဂျန်နဝါရီ ၂၄/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၆၊၁၈ ရက်နိတိမာ သျှမ်းမြောက်ဒေသ ၁၀၅မိုင်အနားတဝိုက်ဟိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ သီလသျှင် ကျောင်းများ နန့် ခရစ်ယာန်ကျောင်း များကို ရက္ခိုင့်တပ်တော်က ဆန်၊ ဆီ၊ သောက်ရီသန့် အပါအဝင် စားနပ်ရိက္ခာပစ္စည်းတချို့လှူဒါန်းခရေလို့
ရက္ခိုင့်တပ်တော်(AA)က ဂျန်နဝါရီ ၂၄ ရက်နိမာ ထုတ်ပြန်လိုက်ပါရေ။
စစ်ပွဲတိအပါအဝင် တိုင်းပြည်၏ စနစ်ဆိုး၊ မင်းဆိုးမင်းညစ်တိကြောင့် အတိဒုက္ခရောက်ကတ်ရရေအထဲမာ ပြည် သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလသျှင်ကျောင်းများနန့် ခရစ်ယာန်သာသနာပြုကျောင်းများလည်း ပါဝင်ရေအတွက် ပြည်သူရို့၏ လူမှုစီးပွားဒုက္ခတိအထဲက တတ်နိုင်စွာတိကို တနိုင်တပိုင် ကူ ညီဖြီယှင်းပီးရေပိုင် ဗုဒ္ဓဘာသာဆရာတော်၊ သံဃာတော်များနန့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမဟိဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန် ရည်ရွယ်ပြီးကေ မိမိရို့ တတ်နိုင်သမျှ ကောင်းမှုအလှူတိကို လှူဒါန်းခြင်း ဖြစ် ပါကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ရက္ခိုင့်တပ်တော်အနီနန့်၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၆ ရက်နိက ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နန့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလသျှင်ကျောင်း)ရို့မာ ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခပါရေ။
အလားတူ ၂၀၂၄ ခုနှစ်၊ဂျန်နဝါရီ ၁၈ ရက်နိကလည်း ဇေ ယျမင်္ဂလာကျောင်းတိုက်မာ ဆန်၊ဆီနန့်ရီသန့် တချို့ဆက် ကပ် လှူဒါန်းခပါသိမ့်ရေ။
ယင်းအပြင်၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ၂၃ရက်နိကလည်း ပန်ဆိုင်း ခရစ်ယာန်ကျောင်းမာ ရက္ခိုင့်တပ်တော်က ဆန်တချို့ လှူဒါန်းခရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်စွာ “တိုက်ပွဲဟိကေ နိုင်အောင်တိုက်ဖို”။ တိုက်ပွဲမဟိကေ ဒေသခံပြည်သူလူထု၏ အရေးအရာတိကို အဆင်ပြေချောမွိအောင် ပြည်သူလူထုနန့်တတူ လက် တွဲပြီးကေ မိမိရို့ လှုပ်ယှားရာ စစ်ဒေသတိမာ ပြည်သူလူ ထုရို့၏ အားကိုးရာ တပ်တော်ဖြစ်အောင် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်နီရေလို့ ဆိုထားပါရေ။
မိမိရို့အနီနန့်မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ဟိပါစီ လူမျိုးမရွီး၊ ဘာသာမရွီး ခွဲခြားစိတ် မဟိဘဲ ပြည်သူရို့နန့်တတူ ရပ်တည်နီပြီးကေ စာနာစိတ်အပြည့်နန့် တတ်နိုင်စွာတိကို တဖွဲ့ချင်းအလိုက်ဖြစ်စီ၊ညီနောင်မဟာ မိတ် (၃)ဖွဲ့ အနီနန့်ဖြစ်စီအကောင်းဆုံး ပံ့ပိုးကူညီပီးလားဖို့လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါရေ။