မြောက်ဦးမြို့ကို စစ်ကောင်စီတပ် လက်နက်ကြီးနန့် ပစ်၊ အောင်မင်္ဂလာရပ်ကွက်ကအိမ် ၆ဆောင် မီးလောင်ပြာကျ
APM၊ ဂျန်နဝါရီ ၂၄/၂၀၂၄
ဂျန်နဝါရီ ၂၃ ရက်နိ၊ ညည့်ခါ မြောက်ဦးမြို့ကို အကြမ်း ဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနန့်ပစ်လို့ အောင် မင်္ဂလာရပ်ကွက်က လူနီအိမ် ၆ ဆောင် မီးလောင် ပြာကျလား ရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ သတင်းထုတ်ပြန် ချက်ထဲမာ ဖော်ပြထားပါရေ။
ယင်း ထုတ်ပြန်ချက်ထဲမာ “ရက္ခိုင်ပြည်၊ မြောက်ဦးအ ခြီစိုက် စစ်ကောင်စီလက်အောက်ခံ “ခမရ (၃၇၇) တပ်ရင်း” မှ ဒေနိ ညည့် (၇) နာရီ (၃၀) မိနစ်အချိန်ခန့်၌ အရပ်သားပြည်သူများနီထိုင်ရာ မြောက်ဦးမြို့ထက်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ် တိုက်ခိုက်ခသည်။ အဆိုပါ လက်နက်ကြီးကျည် တချို့သည်အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခသဖြင့် နာရီဝက်ခန့်နီးပါး မီးလောင်ခကာ လူနီအိမ် (၆) ဆောင် ပြာကျပျက်စီးခရသည်” လို့ ဖော်ပြထား ပါရေ။
တဆက်တည်းမာပင် ရမ်းဗြဲနန့်အမ်းမြို့နယ်ရို့မာလည်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ် ခတ် တိုက်ခိုက်ခရေလို့ ညီနောင်(၃)ဖွဲ့က ဆိုထားပါရေ။
စစ်အဟုန် မြင့်တက်နီရေ ရက္ခိုင်ဒေသ နီရာတချို့မာ အကြမ်းဖက် စစ်ကောင်စီက ဆက်သွယ်ရီးဆိုင်ရာ သတင်း အချက်အလက်တိ ဖြတ်တောက်ထားရေအတွက် အရပ် သားပြည်သူတိအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုတိစွာ အယင်ကထက် ပိုလို့မြင့်တက်လာနိုင် ခြေဟိရေလို့ ညီနောင်(၃)ဖွဲ့က မှတ်ချက်ပြု ဖော်ပြထားပါရေ။