
APM၊ ဖေဖော်ဝါရီ ၁၈/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နိမာ အကြမ်းဖက်စစ်ကောင်စီက ရမ်းဗြဲမြို့ကို လီကြောင်းက အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ်(၄)ကင်းတဲရပ်ကွက်က မီးလောင်ပျက်စီးလားခရရေ လူနီအိမ် ၁၅၀ ကျော်အထိဟိကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဖေဖော် ဝါရီ ၁၈ ရက်နိမာ ထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ”ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အလုံးစုံပြိုပျက်စီရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင် စီသည် လီကြောင်း၊ ရီကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကို ဖေဖော်ဝါရီလ (၁၇) ရက်နိတွင်ပြုလုပ်ခသည်။ အကြိမ်အရေအတွက် ရာကျော်သော လီကြောင်း၊ ရီကြောင်းမှပစ်ခတ်တိုက်ခိုက်များမှုကြောင့် ဖေဖော်ဝါရီလ (၁၇)ရက်နိတရက်တည်းမှာပင် ရမ်းဗြဲမြို့၊ အမှတ် (၄) ကင်းတဲရပ် ကွက်မှ လူနီအိမ် (၁၅၀) နီးပါးအထိ မီးလောင် ပျက်စီးဆုံးယှုံးခရသည်”လို ဖော်ပြထားပါရေ။
ယင်းဖြစ်စဉ်နန့်ပတ်သက်လို့ ရမ်းဗြဲဒေသခံတယောက်က “ညကမွန်းလွဲ အစောပိုင်းမာ အိမ် ၆၀လောက်ရာ စလောင်နီပါရေ။ မြို့အနားရပ်ရွာတိက ပြည်သူတိ မီးသတ်ဖိုကြိုး စားခကတ်ပါသိမ့်ရေ။ ညက၊ ညဇာ ၄ နာရီ လောက်မာ ဂျက်ဖိုက်တာ နှစ်စီးဗုံးလာကြဲပြန်ရေ။ ညဇာဖက်က ရမ်းပေါက် လီကလည်းထရေ။ ညည့်ခါသားမာ ဂျက်ဖိုက်တာနန့် အရာတခေါက်ဗုံးလာကြဲသိမ့်ရေ။ ညက ကင်းတဲမာမီးလောင်ပျက်စီးအိမ် ၁၅၀ ကျော်ပါဖို့။ စလို့ ချရေနီကပင်ဒေနိထိ ရမ်းဗြဲတမြို့လုံးဆိုကေတော့ မီးလောင်ပျက်စီးစွာ အိမ်ပေါင်း ၂၀၀ ကျော်ပါယာ” လို့ ပြောပါ ရေ။
ဖေဖော်ဝါရီ ၁၇ရက်နိ၊မိုးထ ၈နာရီ ၅၃ မိနစ်ကစလို့ ကလိန်တောင်မြစ်ထဲဟိ နေဗီက လက်နက်ကြီးနန့် (၉)ကြိမ် ရမ်းဗြဲမြို့ကို ပစ်ခတ်ခပြီးကေ၊ နိခင်း ၁၁ နာရီ ၁၅ မိနစ်ကစလို့ Mi-35 ရဟတ်ယာဥ်တစီးနန့် ရမ်းဗြဲမြို့ကို ဗုံးကြဲခပိုင်၊ စက်သီနတ်နန့်လည်းအချိန်းပေါင်း ရွီမရအောင်ပစ်ခတ်ခပါရေ။
ယင်းအပြင် ညဇာ ၄ နာရီ ၁၄ မိနစ်ကစလို့ ဂျက်ဖိုက်တာ ၂ စီးနန့် ရမ်းဗြဲမြို့ကို ဗုံးကြဲခပြီးကေ ညည့်ခါသားလည်း ဂျက်ဖိုက်တာနန့် နောက်ထပ်တကြိမ် ရမ်းဗြဲကို ဗုံးလာချပါသိမ့်ရေ။
ယင်းပိုင် စစ်ကောင်စီ၏ ရီကြောင်း၊ လီကြောင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် အမှတ်(၄) ကင်းတဲ ရပ်ကွက် မီးဟုန်းဟုန်းတောက်လောင်ပနာ ကူးစက်လောင်ကျွမ်းခရရေလို့ ဒေသခံတိက ပြောပါရေ။
အလားတူ ဖေဖော်ဝါရီ ၁၈ ရက်နိ ဒေနိမာလည်း ရမ်းဗြဲသိမ်တောင်ဘုရားကုန်းထက်မာ အခြီချတပ်စွဲထားရေ စစ်ကောင်စီတပ်စခန်းက ရမ်းဗြဲမြို့ကိုလက်နက်ကြီးနန့် (၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခရေလို့လည်း ညီနောင်(၃)ဖွဲ့ ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။




