
APM ၊ ဂျန်နဝါရီ ၂၃/၂၀၂၄
အကြမ်းဖက် စစ်ကောင်စီ၏လက်ကိုင်တုတ်မီဒီယာတိက ULA/AAအပေါ် မူးယစ်ဆီးဝါးအပါအဝင် အခြားဂုဏ် သိက္ခာ ကျဆင်းစီမည့် စွပ်စွဲချက်များဖြင့် လုပ်ကြံပြော ဆို၊ ရွီးသား၊ ဝါဒဖြန့်နီခြင်းကို ပြတ်ပြတ်သားသားပယ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဂျန်နဝါရီ ၂၃ ရက်နိမာ ကြေညာချက် ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ကြေညာချက် အပြည့်အစုံမာ–
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနန့် စစ်ကောင်စီ၏ မီဒီယာများတွင် မိမိရို့အဖွဲ့အစည်းအပေါ် မူးယစ်ဆီးဝါးအပါအဝင် အခြားဂုဏ်သိက္ခာ ကျဆင်းစီမည့် စွပ်စွဲ ချက်များဖြင့် လုပ်ကြံ ပြောဆိုရွီးသားနီခြင်း၊ ဝါဒဖြန့်နီခြင်းအပေါ် ပြတ်ပြတ်သား ငြင်းပယ်ကြောင်း ထုတ်ပြန် ကြေညာချက်
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ(၂၃) ရက်
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတဖြစ်လဲ မြန်မာ့တပ်မတော်သည် မိမိရို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား စစ်ရီးအရ မယှဉ်နိုင်သည့်အချိန်တိုင်းတွင် နိုင်ငံရီးအောက်လုံးများ၊ ညစ်လုံးများဖြင့် ၎င်းရို့ပိုင် ဆိုင်သော မီဒီယာများ၊ စစ်ကောင်စီ၏ ကြောထောက်နောက်ခံဟိသော ပုံနှိပ်မီဒီယာများ၊ စစ်ကောင်စီမှ လက်သပ်မွီးထားသော မီဒီယာများမှတဆင့် မိမိရို့အဖွဲ့အစည်းအား မူးယစ်ဆီးဝါးနန့် ဆက်နွယ်ပတ်သက်သည် ဟူသော စွပ်စွဲ ရွီးသားချက်များကို ပြုလုပ်လိဟိသည်။
၁၀၂၇ စစ်ဆင်ရီး စတင်ချိန်မှ ဒေနိအချိန်အထိ သျှမ်းမြောက်၊ ရက္ခိုင်၊ ပလက်ဝ အပါအဝင် အခြားသော မိမိရို့ ရက္ခိုင့်တပ်တော်စစ်ရီးလှုပ်ယှားသည့် ဒေသများတွင် စစ်ကောင်စီ၏ စခန်းကြီး၊စခန်းငယ်ပေါင်းမြောက်မြားစွာကို မိမိရို့မှသိမ်းပိုက်ထားပြီးဖြစ်သည်။ လက်ဟိအချိန်တွင်လည်း မြီပြင်တွင် မည်သို့မျှ ယှဉ်၍မရသော အနီအထားနန့်တတူ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်နီပြီး စစ်ကောင်စီသည် ဆက်လက် အရေးနိမ့်လျက် ဟိသည်။
ထို့ကြောင့် စစ်ကောင်စီသည် ၎င်းရို့ပြုလုပ်နီကျ လုပ်ရိုးလုပ်စဉ်ဖြစ်သော မိမိရို့အဖွဲ့အစည်းအား ဂုဏ်သိက္ခာကျဆင်းစီရန်၊ မူးယစ်ဆီးဝါးနန့် ပတ်သက်ယှက်နွယ်နီသည်ဟု နိုင်ငံတကာမှ အထင်အမြင်လွဲမှားစီရန် စသည့် နိုင်ငံရီးထိုးနှက်တိုက်ခိုက်မှုများကို ဒေဂုလအတွင်း စစ်ကောင် စီပိုင် မီဒီယာများမှတဆင့် လုပ်ကြံသတင်းမှား ထုတ်ဝီဖြန့်ချီခြင်းများကို ခပ်စိပ်စိပ် ပြုလုပ်လာသည်။ အထူးသဖြင့် စစ်ယှုံးစစ်ကောင်စီသည် မိမိရို့အဖွဲ့အစည်းအား မူးယစ်ဆီးဝါးအပါအဝင်တရားမဝင်ပစ္စည်းများနန့် ဆက် စပ်ပတ်သက်နီသည် ဟူသော မမှန်မကန် လုပ်ကြံသတင်းများကို ဖြန့်ဝီကာ မိမိရို့အား စွပ်စွဲရွီးသား ပြောဆိုမှုများကိုလည်း ဆက်တိုက် ပြုလုပ်လျက်ဟိသည်။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီသည် မိမိရို့အား မူးယစ်ဆီးဝါးကိစ္စရပ်များသာမက လူကုန်ကူးမှု၊ နိုင်ငံတကာ အကြမ်းဖက်မှုစသည့် ယဉ်ကျေးသောလူ့အဖွဲအစည်းမှ လုံးဝလက်မခံနိုင်သော ကိစ္စရပ်များနန့်ပါ မဟုတ်မမှန် ရောနှောလုပ်ကြံဖန်တီး၍လည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ မမှန်မကန် လုပ်ကြံသတင်းများပီးပို့ပြီး မိမိရို့ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျဆင်းအောင်၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စီအောင် လုပ်ဆောင်လျက်ဟိသည်။
ခေတ်အဆက်ဆက်တွင် စစ်ကောင်စီ၏ စစ်ဗိုလ်ချုပ်ကြီးများသည် မူးယစ်ဆီးဝါးနန့် တရားမဝင် ပစ္စည်းရောင်း ဝယ်ဖောက်ကားခြင်း လုပ်ငန်းများတွင် နောက်ကွယ်မှ အဓိကပါဝင်ပတ်သက်နီသူများဖြစ်ကတ်ပြီး ဒေဂုတကြိမ် ကျားဖျင်( အင်တာနက် လိမ်လည်မှု) ကိစ္စတွင်လည်း စစ်ကောင်စီ၏ စစ်ဗိုလ်ချုပ်ကြီးများကိုယ်တိုင် ပါဝင်ပတ် သက်နီပြီး ကျားဖျင်လုပ်ငန်းလုပ်ကိုင်သူများကို အကာအကွယ်ပီးထားသည်မှာ ကမ္ဘာသိပင်ဖြစ်သည်။ ထို့အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အလိုဟိနီသော ကျားဖျင်လုပ်ငန်းကိုအဓိကလုပ်ကိုင်သူများအား အဂုထက်ထိ အပ်နှံခြင်း မဟိသိမ့်ဘဲ အကာအကွယ်ပီးထားခြင်းသည်ကျားဖျင်ကိစ္စတွင် ၎င်းရို့ပါဝင်ပတ် သက်သည်ကို ဖုံးကွယ်ထားလိုခြင်း၊ နှုတ်ပိတ်ထားခြင်းပင်ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်၏ မူးယစ်ဆီးဝါးနန့်ပတ်သက်၍ သဘောထားမာ လူသားမျိုးနွယ်စုအား ကောင်းကျိုးမပီးသော မူးယစ်ဆီးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းများ ကို မိမိရို့အဖွဲ့အစည်းအနီဖြင့် မည်သည့်အခါမှ ပြုလုပ်လိမ့်မည်မဟုတ်သည့်အပြင် အားပီးလိမ့်မည်လည်း မဟုတ်ပါ။ မိမိရို့ ထိန်းချုပ်နယ်မြီများ၊ နယ်စပ်များတွင် မူးယစ်ဆီးဝါး တိုက်ဖျက်ရီးကို အချိန်တခုတွင် တိုက်ဖျက်လားရန်လျာတားထားပြီး မူးယစ်ဆီးဝါး တိုက်ဖျက်ရီးအတွက် မည်သည့်အဖွဲ့အစည်းနန့်မဆို ပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ဟိပါသည်။ အလားတူ မိမိတို့အဖွဲ့အစည်းသည်ရက္ခိုင်ဒေသ အတွင်း ရာဇဝတ်မှုကျဆင်းရီး အပါအဝင် တရားရီးမဏ္ဍိုင်တည့်မတ်ကောင်းမွန်ခိုင်မာစီရီးကို အလေး ထားဆောင်ရွက်လျက်ဟိပြီး လူကုန်ကူမှု၊ နိုင်ငံတကာအကြမ်း ဖက်မှုများကို မည်သည့်အခါမျှ အားမပီးသကဲ့သို့ ပြတ် သားစွာဆန်ကျင်သည့် အဖွဲ့အစည်းလည်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီမှ မိမိရို့အား မူးယစ်ဆီးဝါး အပါအဝင် အခြားဂုဏ်သိက္ခာ ကျဆင်းစီမည့် စွပ်စွဲချက်များဖြင့် လုပ်ကြံ ပြောဆို ရွီသားနီခြင်း၊ ဝါဒဖြန့်နီခြင်းများအပေါ် မိမိရို့အနီဖြင့် ပြတ်ပြတ်သားသား ပယ်ချလိုက်ပြီး ၎င်းကိစ္စရပ်များနန့် လုံးဝပတ်သက်မှုမဟိပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

