
APM၊ ဖေဖော်ဝါရီ ၁၈/၂၀၂၄
ဖေဖော်ဝါရီ ၁၇ ရက်နိက ကျောက်ဖြူမြို့နယ်မာ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူ ၄ယောက်ကို မျက်နှာအဝတ်ချုပ်ဖမ်းခေါ်လားကြောင်းသတင်း ရဟိပါရေ။
လိုက်လံစုံစမ်းချက်အရ အဖမ်းခံရလူတိစွာ မြေပုံမြို့နယ်က ဦးမောင်သန်းလှိုင်၊ကျောက်ဖြူမြို့နယ်၊ ကုလဘာအူချေထောင့်က ဦးအောင်သန်း၊ ဇင်ချောင်း ကုန်ဘွေရွာက ဦးစိန်သန်းမောင်၊ ကျောက်ဖြူမြို့က ဦးထွန်းထွန်းဦးရို့ဖြစ်ကြောင်း သိရပါရေ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နိ၊ ညဇာ ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ကျောက်ဖြူမြို့ နယ်၊ စစ်တော လမ်းဆုံဆီဆိုင်တခုမာ အလုပ်လုပ်နီရေ မြေပုံမြို့နယ်က ဦးမောင်သန်းလှိုင်ကို ဖမ်းခေါ်လားပြီးကေ၊ တချိန်တည်းမာ သစ်ပုတ်တောင်လမ်းဆုံအနားက လယ်တဲသို့လားရေ ဦးအောင်သန်းကိုလည်း ဖမ်းခေါ်လားခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းအပြင် ယင်းနိ ညဇာ ၇ နာရီ အချိန်ခန့်က သစ်ပုတ်တောင်တိုက်နယ်၊ ဇိုင်ချောင်းရွာသို့ ငါးလားရောင်းပြီး အိမ်သို့ပြန်လာကတ်တေ ဦးစိန်သန်းမောင်နန့် ဦးထွန်းထွန်းဦးရို့ ၂ ယောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိက လမ်းက ဖမ်းယူလားခရေလို့ ဆိုပါရေ။
ယင်းနိညဇာ ၈နာရီလောက်မာ သစ်ပုတ်တောင်တိုက်နယ်၊ သစ်ပုတ်တောင်လမ်းခွဲသို့ ရောက်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ မင်းတက်တောင်ဖက်သို့အပြန်မာ အဆိုပါအရပ် သား ၄ ယောက်ကို မျက်နှာကို အဝတ်ချုပ်ပနာ ဖမ်းဆီးခေါ်ဆောင်လားရေလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
