
APM ၊ ဒီဇမ်ဘာ ၃၁ / ၂၀၂၃
ဒီဇမ်ဘာ ၃၀ ရက်နိ၊ နိခင်း ၂ နာရီလောက်ကစလို့ နယ်ချဲ့အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်စွာ တိုက်ပွဲဖြစ် ပွားခြင်းမဟိရေ ရမ်းဗြဲမြို့ကို လက်နက်ကြီးနန့် အကြိမ် ၃၀ ကျော်အထိ ယုတ်ကန်းစွာ ပစ်ခတ်တိုက်ခိုက်ခပါရေ။
ရမ်းဗြဲမြို့၊ တန်းချောင်းဝ၊ ကလိန်တောင်မြစ်အတွင်း ရပ်တန့်ထားရေ ကမ်းထိုးဇက်နေဗီ နှစ်စီးက ရမ်းဗြဲမြို့ထဲသို့ ကောက်ကျစ် ယုတ်မာစွာ လက်နက်ကြီးနန့် အကြိမ် (၃၀) ထက်မနည်း ပစ်ခတ်ခကတ်ပါရေ။၊
တချိန်တည်းမာ ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းထက်မာ စခန်းချနီရေ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၃၈) ကလည်း ရမ်းဗြဲမြို့ထဲသို့ မိုက်ရူးရဲစွာ RPG တိနန့် လှမ်းပစ်နီခပါရေ။
အလားတူ ဒီဇမ်ဘာ ၃၀ ရက်နိ၊ မိုးထ ၁၁ နာရီလောက်က လည်း ယင်း သိမ်တောင်ဘုရားကုန်းဟိ ခလရ (၃၈) တပ်စခန်းက ရမ်းဗြဲမြို့ကို RPG နန့် လှမ်းထုနီချိန်မာ ညဦးကပင်မြို့တွင်းသို့ရောက်နီရေ လူယမ်းကား စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်က ရမ်းဗြဲမြို့အမှတ်(၅)ရပ် ကွက်၊ လောင်းချောင်းအရပ်က လူနီအိမ်တိကို မီးတိုက်ဖျက်ဆီးလို့ အိမ်နှစ်ဆောင်ထက်မနည်း မီးလောင်ပြာကျလားခရပါရေ။
လွန်ခရေ ဒီဇမ်ဘာ ၂၅ ရက်နိကလည်း နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်စွာ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမဟိပါဘဲ ရမ်းဗြဲမြို့ကို လူမဆန်စွာ ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက် ခိုက်ခပါသိမ့်ရေ။
