APM၊ ဖေဖော်ဝါရီ ၁၈/၂၀၂၄
မြေပုံမြို့နယ်မာ ဖေဖော်ဝါရီ ၁၈ ရက်နိ၊ ညဇာ ၅ နာရီ ၃၀ မိနစ်လောက်က စစ်ကောင်စီ၏ တပ်စခန်းကုန်း နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ၎င်းရို့စခန်းတိကို ၎င်းရို့ကိုယ်တိုင် မီးတိုက်ခကတ်ကြောင်း ရက္ခိုင့်တပ်တော် ရုပ်သံ ဖိုင်တိနန့်တကွ ထုတ်ပြန်လာပါရေ။
ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်ထဲမာ ဒေနိ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ညဇာ (၅) နာရီ (၃၀) မိနစ် အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ ဟင်းခရော်ရွာ၏ အနောက်မြောက်ဖက် (၂.၇) ကီလိုမီတာအကွာဟိ ပွိုင့် (၄၀၂) နန့် ပွိုင့် (၄၀၈) ကုန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းရို့၏ တပ်စခန်းဟိ လက်နက်ခဲ ယမ်းများ၊ လက်နက်ကြီးများနန့် စခန်းကုန်းတခုလုံးကို ၎င်းရို့ကိုယ်တိုင် မီးတိုက်ခကတ်သည်” လို့ ဖော်ပြထား ပါရေ။
ယင်းနောက် ၎င်းရို့တပ်ဖွဲ့ဝင်တိကို စစ်ရဟတ်ယာဉ်တိနန့်အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူလားခ ကြောင်း ဆိုပါရေ။
လက်ဟိ ယင်းစခန်းတိစွာ ဆက်လက်မီးတောက်လောင်လျက်ဟိရေလို့ သိရပါရေ။
မြေပုံမြို့ကိုတော့ လွန်ခရေ ၂၀၂၄ ခုနှစ်၊ ဖေဖောဝါရီ ၁၅ ရက်နိကပင် ရက္ခိုင့်တပ်တော်ကထိန်းချုပ်ပြီးဖြစ်ကြောင်း ထုတ်ပြန် ထားပါရေ။