မအီမြို့က စစ်ကောင်စီမိသားစုဝင်တိအားလုံးထွက်ခွာလားခပြီးနောက် မအီအနားတဝိုက် တန်းထားတိကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးပစ်ခ
စစ်ကောင်စီ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် မအီမြို့အထက်တန်းကျောင်းအပါအဝင် လူနီအိမ် အဆောက်အအုံတချို့ပျက်စီး
APM၊ ဖေဖော်ဝါရီ ၁၇/၂၀၂၄
ရက္ခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ မအီမြို့က စစ်ကောင်စီ တပ်နန့်ရဲ မိသားစုဝင်တိ အပါအဝင် လက်နက်ခဲယမ်းတိကို ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက်တိမာ အမ်းမြို့၊ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ရွှိပြောင်းခပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၆ ရက်နိ ညည့် နန့် ဖေဖော်ဝါရီ ၁၇ ရက်နိမိုးထစောစောပိုင်းမာ မအီမြို့နားတဝိုက်ဟိတန်းထားတိကို အကြမ်းဖက်စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးပစ်ခကတ်ပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နိ၊ညည့် ၉ နာရီ ၂၅ မိနစ်အချိန် မအီမြို့၊”မအီချောင်း တန်းထား” ကို မိုင်းခွဲ ဖျက်ဆီးခကတ်ပါရေ။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နိ မိုးထ၂ နာရီ ၅၃မိနစ်အချိန်မာ အကြမ်းဖက်စစ်ကောင်စီက မအီမြို “ကျောက်ကြီးပေါက်ချောင်းတန်းထား” ကိုလည်း မိုင်းခွဲဖျက်ဆီးခကတ်ပါရေ။
ယင်းပိုင် စစ်ကောင်စီက မအီချောင်းတန်းထားကို မိုင်းခွဲ ဖျက်ဆီးရေခါ မိုင်းပေါက်ကွဲတုန်ခါမှုကြောင့် မအီမြို့ဟိ အခြီခံပညာအထက်တန်းကျောင်းအပါအဝင် လူနီအိမ်အဆောက်အအုံ တချို့ပါပျက်စီးလားခရေလို့ ဒေသခံတိက ပြောပါရေ။






