
မင်းပြားက တိုင်းဗဟို(၉)အပါအဝင်ပုဏ္ဏားကျွန်း၊ဘူးသီးတောင်၊မောင်တော မြို့နယ်ရို့မာ စစ်ကောင်စီ နန့် ရက္ခိုင့်တပ်တော် တိုက်ပွဲ ဆက်လက်ပြင်းထန်
APM၊ ဖေဖော်ဝါရီ ၂၆/၂၀၂၄
မင်းပြားမြို့နယ်က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တိုင်းဗဟို(၉) အပါအဝင် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ရို့မာ ဖက်ဆစ်အကြမ်းဖက်စစ်ကောင် စီနန့် ရက္ခိုင့်တပ်တော်ရို့အကြား တိုက်ပွဲတိ ပြင်းထန်နီရေလို့ ရက္ခိုင့်တပ်တော်(AA) က ဖေဖော်ဝါရီ ၂၅ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော် သတ်မှတ်ထားရေ စစ်ဆင်ရီးပစ်မှတ်တိအပြင် စစ်ရီးအရ (မဖြစ်မနီ) ခြီမှုန်းရဖို့ စခန်းတိအထဲက တခုဖြစ်တေ မင်းပြားမြို့နယ်ကရန်သူ၏တခုတည်းသော လက်ကျန်စခန်းဖြစ်တေ ကမ်းနီရွာအနားဟိ “အမှတ်(၉) တိုင်းဗဟို လိကျင့်ရီး သင်တန်းကျောင်း”ကို ဖေဖော်ဝါရီ ၂၅ ရက်နိမာလည်း ရက္ခိုင့်တပ်တော်က သျှစ်ရက်မြောက်နိအဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့ သိရပါရေ။
ယင်းအပြင် လက်နက်ချအညံမခံဘဲ ကျန်နီသိမ့်ရေ စခန်းတိကို ရက္ခိုင့်တပ်တော်က ဆက်လက်သိမ်းပိုက်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းလျက်ဟိရာ လက်နက်ချ အညံ့မခံဘဲကျန်နီရေ ပုဏ္ဏားကျွန်းမြို့နယ်က ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
အလားတူ ဘူးသီးတောင်မြို့နယ်၊ သရဖီရွာအနားဟိ စစ်ကောင်စီ၏ ခမရ( ၅၅၂) တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ၂၄ ရက်နိ၊ မိုးထ ၈ နာရီ ၃၅ မိနစ်မာစလို့ ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့ သိရပါရေ။
ယင်းနည်းတူ စစ်ကောင်စီ၏ တပ်မ(၂၂) လက်အောက်ခံ၊ ခမရ(၂၀၁)တပ်ရင်းစခန်းထိုင်ရေ မောင်တောမြို့မြောက်ဖက်ဟိ ကြိမ်ချောင်း၊တောကျောင်းစခန်းကိုလည်းရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၅ ရက်နိ၊မိုးထ ၇ နာရီ ၁၄ မိနစ် ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နီကြောင်း ရက္ခိုင့်တပ်တော် ၏ သတင်းထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။