
ရမ်းဗြဲမာ စစ်ကောင်စီ၏စစ်ကြောင်းကို ရက္ခိုင့်တပ်တော် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို ခြီမှုန်းနိုင်ခကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်
APM၊ ဖေဖော်ဝါရီ ၂၅/၂၀၂၄
ရမ်းဗြဲသို့ စစ်ကောင်စီက ဖေဖော်ဝါရီ၂၄ရက်နိမာ ရဟတ် ယာဉ် ၄ စီးနန့်(၇) ကြိမ်တိုင်တိုင် လာချပီးခရေ အင်အား ၁၂၀ ပါ စစ်ကောင်စီ၏တပ် ရင်းနှစ်ရင်းပေါင်း စစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်ရာ ဖေဖော်ဝါရီ (၂၄၊၂၅)နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ကျော် ကို ခြီမှုန်းနိုင်ခရေလို့ ရက္ခိုင့်တပ်တော် သတင်းထုတ်ပြန်ပါရေ။
မသီဘဲကျန်နီရေ ရန်သူတိကိုလည်းဆက်လက် လိုက်လံ ခြီမှုန်း တိုက်ခိုက်နီရေလို့ ရက္ခိုင့်တပ်တော်က ဆိုထားပါရေ။
ယင်း စစ်ကူစစ်ကြောင်းစွာ အနောက် တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီ တိုင်း၊ကျုံပျော်မြို့အ ခြီစိုက် ခလရ (၃၆) တပ်ရင်း နန့် အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ အမ်းမြိုအ ခြီစိုက်ခမရ (၃၇၃) တပ် ရင်းရို့ဖြစ်ကတ်ပြီး ၎င်းတပ်ရင်းနှစ်ရင်းမှ လက်ကျန်အင် အားတိကို ပူးပေါင်းထားစွာလို့ သိရပါရေ။
၎င်းစစ်ကူ စစ်ကြောင်းမှ ရန်သူ့အလောင်းမြောက်မြားစွာနန့်တတူ ရန်သူ့လက်နက်ခဲယမ်းပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ရန်သူ၏ တရက်လုံးနီးပါးတောက်လျှောက် မရပ်မနားလီကြောင်းမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နီရေ ကြားက အဆိုပါရန်သူ့စစ်ကြောင်းကို ခြီမှုန်းနိုင်ခစွာ ဖြစ်တေလို့ ရက္ခိုင့်တပ်တော်က ဖော်ပြပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရမ်းဗြဲမြို့ကို လီကြောင်းကဗုံးကြဲတိုက်ခိုက်မှုတိ နိတိုင်း ပြုလုပ်နီရေအတွက် ရမ်းဗြဲတမြို့လုံးဟိ လူနီအိမ်၊တိုက်တာအဆောက်အအုံ၊ ဆီးရုံ၊ စာသင်ကျောင်း၊ဘုန်းကြီးကျောင်း၊သာသနိကအဆောက် အအုံတိ အားလုံးနီးပါး ပျက်စီးလားခပြီး ဖြစ်ပါရေ။
ရက္ခိုင်ဒေသမာ ပေါက်တောမြိုပြီးကေ ရမ်းဗြဲမြို့စွာ စစ်ကောင်စီ၏ လီကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရမှု၊အပျက် အစီး အများဆုံးမြို့ဖြစ်တေပိုင် စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်တိဖြစ်တေလို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။