
APM ၊နိုဗမ်ဘာ ၂၅/၂၀၂၃
မောင်တောမြို့နယ်မာ နိုဗမ်ဘာ ၂၅ ရက်က စစ်ကောင်စီ ပစ်လိုက်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပနာ အမျိုးသားတယောက် သီဆုံးလားပြီးကေ အလယ်တန်းကျောင်းသူချေ တယောက် ဒဏ်ရာ ရလားခကြောင်းသိရပါရေ။
စစ်ကောင်စီ၏လက်နက်ကြီးကြောင့် သီဆုံးလားသူမာ မောင်တောမြို့နယ်၊ ကိုင်းကြီး(ရခိုင်)ရွာက ဦးနေဝင်း (၆၇ နှစ်)ဖြစ်ပြီးကေ ဒဏ်ရာရဟိလားသူမာ (၈) တန်းကျောင်းသူ မခိုင်နှင်းဝေ( ၁၄ နှစ်) ဖြစ်ပါရေ။
နိုဗမ်ဘာ ၂၅ရက်နိ၊ မိုးထ ၁၀ နာရီလောက်မာ စစ်ကောင်စီ၏ မောရဝတီဗျူဟာကုန်းကပစ်လိုက်တေ လက်နက် ကြီးကျည်စွာ မောင်တောမြို့နယ်၊ ကိုင်းကြီး (ရခိုင်)ရွာအတွင်း ဦးနေဝင်းနီအိမ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးနေဝင်းမာ နီရာမာပင် သီဆုံးလားခပါရေ။
တဆက်တည်းမာပင် နိုဗမ်ဘာ ၂၅ ရက်နိ၊ ညဇာ ၆ နာရီလောက်က နခေါင်းတိုချောင်းဝမာ ရောက်ဟိနီရေ စစ်ကောင်စီ နေဗီကပစ်လိုက်တေ လက်နက်ကြီးကျည်စွာ မောင်တောမြို့နယ်၊ သရီကုန်ဘောင်ရွာထဲသို့ ကျရောက် ပေါက်ကွဲခပြီးကေ (၈)တန်းကျောင်းသူ မခိုင်နှင်းဝေ၏ ဘယ်ဖက်ခြီထောက်မာ ဒဏ်ရဟိလားခပါရေ။
လက်ဟိ မောင်တောမြို့နယ်မာ စစ်ကောင်စီရေ လူနီရပ်ရွာအနားတဝိုက်သို့ လက်နက်ကြီး၊ လက်နက်ချေတိနန့်ရည် ရွယ်ချက်ဟိဟိ တရစပ်ယမ်းသန်း ပစ်ခတ်နီရေအတွက် သက်ဆိုင်ရာရပ်ရွာတိက ဒေသခံ ရပ်သူရွာသား အားလုံးနီးပါး နီးစပ်ရာသို့ ထွက်ဗြီးတိမ်းယှောင်နီကတ်ရပါရေ။
