APM၊မေ ၆/၂၀၂၄
ဒေနိ မေ ၆ ရက်နိ၊ မိုးထပိုင်းအချိန် ကျောက်တော်မြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့်ဗုံးကြဲတိုက်ခိုက်ခလို့ ရဟန်းတော် တပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးသီဆုံးလားပြီးကေ ၅ ယောက်ထက်မနည်း ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားရေလူတိမာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာက ဦးနီထွန်းဦး (၇၅ နှစ်)၊ ဦးမောင်ဟန် (၃၉ နှစ်)၊ ဒေါ်မဒွေး (၈၉ နှစ်)ရို့ဖြစ်ပြီးကေ ပျံလွန်တော်မူလားရေ ရဟန်းတော်ကတော့ အသျှင်ဇာဂရ (သက်တော် ၆ဝ နှစ်) ဖြစ်ပါရေ။
အလယ်ကျွန်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးနန့် ဒေနိ၊ မိုးထ ၈ နာရီ ၄၂ မိနစ်မာ တကြိမ်၊ ၉ နာရီ ၅၀မိနစ်မာ တကြိမ် (၂) ကြိမ်တိုင်တိုင် ဗုံး (၄) လုံး ကြဲချခရေလို့ ဒေသခံတိကဆိုပါရေ။
ယင်း ဗုံးကြဲတိုက်ခိုက်မှုစွာ အလယ်ကျွန်းရွာ ဘုန်းကြီးကျောင်းတည့်တည့်မာ နှစ်လုံး၊ဘုန်းကြီးကျောင်းအပါးဟပ်စပ်နီအိမ်တိမာ နှစ်လုံး ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးနီထွန်းဦး၊ ဦးမောင်ဟန်၊ ဒေါ်မဒွေးရို့ နီရာမာပင် ဂွင်ချင်းသီဆုံးလားပြီးကေ၊ ရဟန်းတော် အသျှင်ဇာဂရလည်း ပျံလွန်တော်မူလားရေပိုင်၊ တခြား ၅ ယောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရလားပါရေ။
ယင်းအပြင် ဘုန်းကြီးကျောင်းဟိ သာသနိကအဆောက်အအုံအားလုံးနန့် အပါးဟပ်စပ်က လူနီအိမ် ၅ ဆောင်လည်း လုံးဝပြိုကျပျက်စီးလားရေလို့ သိရပါရေ။
အာရက္ခတပ်တော်နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း မရှုမလှ ကျယှုံးလျက်၊ ၎င်းရို့တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိကိုစွန့်ခွာပနာ ခွီးဗြီး၊ ဝက်ဗြီး ထွက်ဗြီးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ ရက္ခိုင်ပြည်တဝန်း အပြစ်မဲ့ပြည်သူရို့နီထိုင်ရာ မြို့၊ ရပ်ရွာတိကို နေဗီ၊ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်ဖိုက်တာတိ အသုံးပြုလျက် နိစဉ်ရက်ဆက် အကြမ်းဖက် ယမ်းကား ပစ်ခတ်လို့ဟိနီပါရေ။