APM၊ မာ့ချ် ၂/၂၀၂၄
အာက္ခဒေသနီ မူဆလင်အသိုင်းအဝိုင်းအနီနန့် အ ကြမ်း ဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဖို့ကြိုးပမ်းမှုကို ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်၊ကန့်ကွက်ကတ်ဖို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA က မာ့ချ် ၂ ရက်နိမာ အသိပီး ထုတ်ပြန်ပါရေ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်မာ “အာရက္ခဒေသနီ မိတ်ဆွေ မူဆလင်အသိုင်းအဝိုင်းများ အနီဖြင့် အနာဂတ်တွင် ငြိမ်းချမ်းတိုးတက်ပြီး ညီညွတ်မျှတသော တိုင်းပြည်ကို တည်ဆောက်လိုပါက တကမ္ဘာလုံးနန့် တနိုင်ငံလုံးမှ ဆန့်ကျင်တိုက် ခိုက်ခြင်းကို ခံနီရသော အကြမ်းဖက် စစ်ကောင်စီ ၏ စစ်မှုထမ်းစီရန် ကြိုးပမ်းအားထုတ်မှုအား ပြင်း ထန်ပြတ်သားစွာ ဆန့်ကျင်၊ ကန့်ကွက်ကတ်ရန် အ ရေးကြီးပါသည်။ မိမိရို့အနီဖြင့် အာရက္ခဒေသတွင် နီထိုင်ကတ်သည့် လူမျိုး၊ဘာသာတိုင်းအတွက် တန်း တူညီမျှသော နိုင်ငံသားဖြစ်မှုနန့် လူ့အခွင့် အရေးရို့ကိုရဟိနိုင်ရန် ကြိုးပမ်းအားထုတ်လားမည်ဖြစ်ပြီး၊ မိတ်ဆွေမူဆလင်အသိုင်းအဝိုင်းအနီဖြင့်လည်း ‘သ မိုင်း၏ မှန်ကန်သောဖက်တွင် ရပ်တည်ကတ်ရန်’အကြုံပြုတိုက်တွန်းပါကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ သဘောထားကို လေးနက်စွာထုတ်ပြန်အပ်ပါသည်” လို့ဖော်ပြထားပါရေ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်စွာ အာရက္ခပြည်သူလူထုတရပ်လုံးလွတ်မြောက်ရီးနန့် မြန်မာပြည်တဝန်းလုံးဟိ အဖိနှိပ်ခံပြည်သူလူထုရို့အားလုံး စစ်အာဏာသျှင်စနစ်အောက်က လွတ်မြောက်ရီးအတွက် တိုက်ပွဲဝင်လျက်ဟိပါကြောင်း၊ ရက္ခိုင်နန့် ပလက်ဝဒေသအတွင်းမာ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း၊တပ်မ၊ စကခ ဌာနချုပ်တိ၊ ရဲတပ်ရင်း၊ ရဲစခန်းတိအပြင်အမြောက်တပ်စခန်းတိကို အာရက္ခစစ်သည်တော်ရို့က ပြောင်မြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိပြီး စခန်းတိကို တခုပြီးတခုသိမ်းပိုက်ပနာ အာရက္ခဒေသနီ မိဘပြည်သူ လူထုရို့၏ ငြိမ်းချမ်းမှု၊ အီးချမ်းမှု၊ လွတ်မြောက်မှု၊ တရားမျှတမှုတိရဟိရန်အတွက် အမျိုးသားလွတ်မြောက်ရီးတိုက်ပွဲကိုပြည်သူလူထုတရပ်လုံးနန့်လက် တွဲပြီးကေဆောင်ရွက်လျက်ဟိကြောင်း ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
“တပြိုင်နက်တည်းမှာ မိမိရို့ ရက္ခိုင်အမျိုးသားအဖွဲ့ချူပ်/ရက္ခိုင့်တပ်တော်၏ထိန်းချုပ်မှုအောက်တွင် ဟိသော မြို့၊ ရွာများ၌ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရီး၊ မိုင်းအန္တရာယ်ကင်းယှင်းရီး၊ကျန်းမာရီး၊ လမ်းပန်းဆက်သွယ်ရီး အဆင်ပြေချောမွိစီရီး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် မိမိရို့၏ ပြည်သူ့ဝန်ထမ်းများမှ အစွမ်းကု န် ဆောင်ရွက်လျက်ဟိပါသည်။ ပြည်သူများအနီဖြင့်လည်း စစ်ကောင်စီအုပ်ချုပ်ရီးယန္တရားအောက်မှ လွတ်မြောက်မှုအရသာကို အလုံးစုံမဟုတ်သည့်တိုင် အတိုင်းအတာတခုအထိခံစားခွင့်ရဟိနီကတ်ပြီးဖြစ်သည်” လို့ ဆိုပါရေ။
ရက္ခိုင် နန့် ပလက်ဝ စစ်မြီပြင်တိမာ စစ်ရီးအရ နီရာတိုင်း အယှုံးနန့် ရင်ဆိုင်နီရရေ အကြမ်းဖက်စစ်ကောင်စီစွာ ၎င်းရို့၏ကြီးမားရေစစ်ရီးယှုံးနိမ့်မှုတိကိုအား လူမျိုးရီးအမုန်း တရားနန့် ဖုံးကွယ်ဖို့ ယုတ် မာစွာ ကြိုးစားနီမှုတိကို လွန်ခရေ ရက်ပိုင်း၊ လပိုင်းတိအတွင်း ပိုမိုထင်ရှားစွာ တွိမြင်လာခရကြောင်း၊ အခြားတဖက်မာယုတ်လျော့၊ ပြုန်းတီးလာနီရေ ၎င်းရို့၏ တပ်သားအရေအတွက်ကို ကာမိစီဖို့နန့် တိုက်ရည်ခိုက်ရည်၊ စစ်ရီးတာဝန်ထမ်းဆောင်လိုစိတ်ရိုကို ပြန်မြှင့်တင်နိုင်ဖို့အတွက် အောက်တန်းကျရေ နည်းလမ်းတိကို အသုံးပြုပနာ နောက်ဆုံးထွက် ပေါက်နန့် မထူးဇာတ်ခင်းဖို့ ကြိုးပမ်းနီကတ်စွာကိုလည်းထင်ရှားစွာတွိမြင်နီရပါကြောင်း ထုတ်ပြန်ချက်အရသိရပါရေ။
ယင်းအထဲ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နိက ပြဋ္ဌာန်း ခရေ ‘စစ်မှုထမ်းဥပဒေ’ ကို ဗန်းပြပနာ အာရက္ခဒေသဟိမူဆလင်အသိုင်းအဝိုင်းကို နည်းလမ်းပေါင်းစုံနန့် အတင်း အဓမ္မ စစ်မှုထမ်းစီဖို့ ကြိုးစားအားထုတ်နီစွာက အသိသာဆုံးသော သာဓကတခုပင်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီစွာ ၎င်းရို့ စစ်ရီး၊ နိုင်ငံရီးအကျပ်အတည်းကြုံတွိတိုင်း အာရက္ခဒေသဟိ ရက္ခိုင်နန့်မူဆလင်အသိုင်းအဝိုင်း ရို့ကြား လူမျိုးရီး၊ ဘာသာရီးဆိုင်ရာ ပဋိပက္ခဖြစ်ပွားစီဖို့ ကြိုးပမ်းလိဟိကြောင်း၊ယင်းနည်းတူဒေတကြိမ်မာလည်း အယင်နည်းလမ်းဟောင်းအတိုင်း လူမျိုးရီး၊ ဘာသာရီးပဋိပက္ခဖြစ်စီဖို့ လူမျိုးအသိုင်းအဝိုင်းနှစ်ခုကြား ရန်တိုက်ပီးလျက်ဟိကြောင်းနန့်ယင်းပိုင်လုပ်ရပ်စွာ အာရက္ခဒေသ အတွင်းအတူနီထိုင်ကတ်တေ အသိုင်းအဝိုင်းရို့ကြားမာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနီထိုင်ရီးကို ကြီးမားသော ခြိမ်း ခြောက်မှုတရပ်ကို ဖြစ်ပေါ်စေကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
“ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနီဖြင့် အာရက္ခဒေသ ၌ အုပ်ချုပ်ရီးယန္တရားများ ထူထောင်စဉ်ကတည်း ကပင် ဒေသတွင်း မတူညီသော အသိုင်းအဝိုင်းအသီးသီးကြား လူမှုသဟဇာတဖြစ်ပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနီထိုင်ကတ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခသောကြောင့် အပြုသ ဘောဆောင်သည့် တိုးတက်သောရလဒ်များကိုလည်း ဖြစ်ထွန်းစီခပါသည်။ ထိုအထဲတွင် မတူကွဲ ပြားသော လူမျိုး၊ဘာသာများကြားအားကစားနန့် ပျော်ပွဲရွှင်ပွဲများကို ဦးဆောင်ကျင်းပပီးခြင်း၊ ဒေသ န္တရအုပ်ချူပ်ရီးနန့် တရားစီရင်ရီး ကိစ္စများတွင် ဒေ သခံများအား ပါဝင်စီခြင်းအပြင် ကိုဗစ်-၁၉ (COVI D-19) နန့် မိုခါဆိုင်ကလုန်းကဲ့သို့သော ကျန်းမာရီးနန့် သဘာဝဖွီးအန္တရာယ်များ ကျရောက်ချိန်၌လည်း တန်းတူညီမျှစွာ ကူညီစောင့်ယှောက်ပီးခြင်းရို့မှာ အာရက္ခဒေသနီပြည်သူလူထုများအကြား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းခိုင်မာစီခပါသည်” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကဆိုပါရေ။
ယင်းသို့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်တိကို ဒေသတွင်းနန့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူတိ၊အဖွဲ့အစည်းတိကလည်း အပေါင်းလက္ခဏာဆောင်ပြီးကေ၊ အကောင်းမြင်မှတ်ချက်တိနန့် အသိအမှတ်ပြုထားကတိပြီးကြောင်း၊ ဤသည်မှာ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်၏ ရိုးသား၊ ရဲရင့်သော ဦးဆောင်မှုနန့် ဆောင်ကြဉ်းနိုင်ခလို့ဖြစ်ကြောင်း၊ ဆက်လက်လို့လည်း ဒေဂုထက်ပိုမိုအားကောင်းရေ၊ သဟဇာတ ဖြစ်တေ လူမှုပတ်ဝန်းကျင်ကို အကောင်းဆုံးကြိုး စား တည်ဆောက်လားမည်ဖြစ်ကြောင်း သိရပါရေ။
”သို့သော် အကြမ်းဖက်စစ်ကောင်စီသည် မိမိရို့လက်နန့်ရွီးသမျှကို ခြီနန့်ဖျက်ရန်ကြိုးပမ်းနီသည်။ “စစ်မှုထမ်းဥပဒေ’ ကို ခုတုံးလုပ်ကာ မူဆလင်အသိုင်းအဝိုင်းအား စစ်မှုထမ်းစီရန် ကြိုးပမ်းနီခြင်းမှာ သာမန်ပြည်သူလူထုကို စစ်မြီပြင် “သီတွင်း” သို့ တွန်းပို့နီခြင်း ဖြစ်ရုံသာမက အာရက္ခဒေသ၏ အနာ ဂတ်တည်ငြိမ်အေးချမ်းရီး၊ ညီညွတ်ရီးနန့် ဖွံ့ဖြိုးတိုးတက်ရီးရို့ကိုပါ ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနီခြင်းလည်းဖြစ်သည်” ဖော်ပြထားပါရေ။
“၂၀၁၇ ခုနှစ် ရက္ခိုင်ပြည်မြောက်ဖက်မြို့နယ်များတွင် မြန်မာစစ်တပ်(ဒေဂုစစ်ကောင်စီ)၏အစုလိုက်၊အပြုံ လိုက် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများနန်ပတ်သတ်၍ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနန့် ဂုဏ်သရေဟိနိုင်ငံကြီးများမှ ပြေလည်ရန် ကြိုးပမ်းနီခြင်းအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနီနန့် အသိမှတ်ပြုကြို ဆိုပါကြောင်းနန့် အကြမ်းဖက်စစ်ကောင်စီ၏ မူဆလင်အသိုင်းအဝိုင်းအား စစ်မှုထမ်းစီဖို့ အဂုပိုင်အတင်းအကျပ် ကြိုးပမ်းအားထုတ်လာနီခြင်းမှာ ဒေသအတွင်း မတည်မငြိမ်ဖြစ်မှုတိကို ပိုမိုကြီးထွားစီပြီး၊ မူဆလင်အသိုင်းအဝိုင်းနန့် တခြားသော အာရက္ခဒေသနီ ပြည်သူများကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုသာဖြစ်စေလျက် ဒုက္ခသည်များ နီရပ်ပြန်နိုင်ရီးမျှော် လင့်ချက်မှာ ပို၍ ဝီးကွာလားစီမည်ဖြစ်ပါသည်” လို့ဆိုပါရေ။
တပြိုင်နက်တည်းမာစစ်ယှုံးစစ်ကောင်စီက ဒေဂုအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းအားထုတ်နီစွာရေ.အာရက္ခဒေသအတွင်း မတည် ငြိမ်၊ မငြိမ်းချမ်းမှုတိကိုရာ ပိုလို့တိုးလာစီပြီးကေ၊ အိမ်နီးနားချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနန့် အိန္ဒိယပြည်ထောင်စုနိုင်ငံရို့အကောင်အထည်ဖော်ဆောင်ရွက်လို့ဟိရေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိ၏ လုံခြုံရီးနန့်တိုးတက်ဖြစ်ထွန်းရီးကို သိသာသော ခြိမ်းခြောက်မှုလည်း ဖြစ်စီကြောင်း၊ ယင်းကြောင့် အကြမ်းဖက်စစ်ကောင်စီစွာ ဒေသတွင်း မိတ်ဖက်နိုင်ငံကြီးတိ၏ မဟာဗျူဟာမြောက်တေအကျိုးစီး ပွားကိုပါ ထိပါးနှောင့်ယှက်ဖို့ ကြိုးပမ်းနီစွာလည်းဖြစ်ကြောင်းနန့် အရှိတောင်အာသျှနိုင်ငံများအဖွဲ့ (ASEAN)၊ ဥရောပသမဂ္ဂ (EU) ရို့ အပါအဝင် နိုင်ငံ တကာအသိုင်းအဝိုင်းအနီနန့် စစ်ကောင်စီ၏ ဒေလုပ်ဆောင်မှုကို ပိုမို အာရုံစူးစိုက်စွာ စောင့်ကြည့်ပြီး၊ ကြိုတင်ဟန့်တားနိုင်ဖို့ အထူးကြိုးပမ်းပီးကတ်ဖို့လည်းအရေးတကြီးလိုအပ်နီကြောင်း ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်က ဆိုပါရေ။
ယင်းအပြင် မူဆလင်အသိုင်းအဝိုင်းထဲက တချို့သော လူပုဂ္ဂိုလ်နန့် အဖွဲ့အစည်းရို့စွာ နိုင်ငံရီးနန့်စီးပွားရီးအရ ကိုယ်ကျိုးရှာလိုခြင်း၊ လူမျိုးရီးအမုန်းတရားနန့် အစွန်းရောက်တေ ခံယူချက်တိနန့် အကြ မ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းစီရန် လုပ်ဆောင်မှုကို အခွင့်အရေးယူပနာ လက်နက်နန့် လူအင်အားစုဆောင်းလို့ ဒေသတွင်းအရပ်သားပြည်သူရို့ကို ထိပါး၊ တိုက်ခိုက်မှုတိလုပ်ဆောင်ဖို့ ကြိုးပမ်းလျက်ဟိစွာကို စိတ်မကောင်းဖွယ် တွိမြင်နီရပါကြောင်းနန့် ယင်းသို့ အပြုအမူတိစွာ ရက္ခိုင့်တပ်တော်ကို ရန်လိုစိန်ခေါ်ရေလုပ်ရပ်ဖြစ်ပြီးကေ၊ ပိုလို့ကြီးမားရေ သွီးထွက်သံယိုမှုတိဖြစ်လာစီဖို့ ကြိုးပမ်းအားထုတ်နီစွာရာဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ ထုတ်ပြန်ချက်မာ သတိပီးဖော်ပြထားပါရေ။