APM၊ နိုဗမ်ဘာ ၂၆/၂၀၂၃
၁၀၂၇စစ်ဆင်ရီး (၁)လတာကာလအတွင်း ကိုးကန့်အထူး ဒေသ (၁) စွာ ကိုးကန့်လူမျိုးရို့ လက်ထဲသို့ ရောက်ဟိဖို့အတွက် “လောက်ကိုင်မြို့သိမ်း” တိုက်ပွဲကို မကြာခင်ဆင်နွှဲလားဖို့လို့ ညီနောင်မဟာမိတ် (၃)ဖွဲ က နိုဗမ်ဘာ၂၅ ရက်နိမာ ထုတ်ပြန်ကြေညာလိုက်ပါရေ။
ယင်းထုတ်ပြန်ချက်အရ “၁၀၂၇ စစ်ဆင်ရီး(၁)လပြည့်ခါနီးမာ ထိုက်သင့်ရေအောင်မြင်မှုတိနန့်အတူ ရည်မှန်းထားရေ စစ်ရီး၊ နိုင်ငံရီးရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် မိမိရို့အနီနန့် စစ်ရီးအဟုန်ကို ထပ်မံမြှင့်တင်လားဖို့ဖြစ်ပြီး၊ စစ်ဆင်ရီး(၁)လတာအတွင်း ကိုးကန့်အထူးဒေသ (၁)စွာ ကိုးကန့်လူမျိုးရို့ လက်ထဲရောက်ဖို့ လက်တလှမ်းအလိုသို့ ရောက်ဟိနီပနာ ကိုးကန့်လူမျိုးရို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာဖို့ ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲစွာလည်း မကြာခင်လာဖို့ဗျာယ်” လို့ဆိုပါရေ။
ယင်းပြင် စစ်ဆင်ရီး (၃၀) ရက်မြောက်နိမာလည်း မိမိရို့စွာ ရန်သူ၏စစ်ဆင်ရီးပစ်မှတ်တိကို ဆက်လက်ချေမှုန်းနီပြီး၊ အရပ်သားပြည်သူတိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ်သတ်ဖြတ်နီရေ ရန်သူ့စစ်စခန်းတချို့ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခရေပိုင် စစ်ပွဲအတွင်း ဖမ်းဆီးရမိခရေ စစ်သုံပန်းတိနန့် လက်နက်ချအညံ့ခံလာရေ ရန်သူတပ်ဖွဲ့ဝင်တိကိုလည်း စစ်သုံပန်းဥပဒေနန့်အညီ ကောင်းမွန်စွာ စောင့်ယှောက်ပီးထားရေလို့ ညီနောင်သုံးဖော်က ပြောပါရေ။
အလားတူ နိုဗမ်ဘာ ၂၅ ရက် နိ၊ မိုးထ ၈ နာရီ ၂၀ မိနစ် အချိန်လောက်မာ ရက္ခိုင့်တပ်တော် (AA) စွာ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးစခန်းအနားမာ စစ်ကောင်စီ၏ နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခရေပိုင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ယောက်သီဆုံးခပြီးကေ ဒဏ်ရာရသူတချို့လည်းဟိခရေလို့ ဆိုပါရေ။
ပလက်ဝမြို့နယ်က စစ်ကောင်စီ၏ အခိုင်အမာ စခန်းချထားရေ “တရွန်အိုင်” နန့် “နှုံးဘူး” ဗျူဟာနှစ်ခုကိုလည်း စစ်ဆင်ရီး (၁၂)ရက်မြောက်နိအဖြစ် ဆက်လက်ထိုးစစ်ဆင်နီပြီး အပြီးသတ် သိမ်းပိုက်နိုင်ရီးအတွက် တိုက်ပွဲတိပြင်းထန်လို့ဟိနီရေပိုင် ရန်သူစွာ ဂျက်တိုက်လီယာဉ်နန့် မိုးထ ၃ နာရီ ၃၀ မိနစ်ကပင် စတင် တိုက်ခိုက်ခပြီးကေ ဂျက်တိုက်လီယာဉ်နန့် (၅)ကြိမ်တိုင်တိုင်ရမ်းသန်းပစ်ခတ်ခရေလို့လည်း ဖော်ပြပါရေ။
အလားတူ ယင်းနိ မွန်းတည့် (၁၂)နာရီဝန်းကျင်မာ ရက္ခိုင်ပြည်၊ ပေါက်တောမြစ်ထဲဟိ စစ်ကောင်စီ ရီတပ်သင်္ဘော က လက်နက်ကြီးတိနန့် တမင်တကာပစ်ခတ်ခလို့ ပေါက်တောမြို့မဈီးကြီး အပါအဝင်နီရာ ၂ ခု မီးလောင်ပျက်စီးခရကြောင်း၊ နိုဗမ်ဘာ ၂၄ ရက်နိကလည်း စစ်ကောင်စီတပ် လက်နက်ကြီးတိနန့်ပစ်လို့ ပုဏ္ဏားကျွန်းမြို့မဈီး မီးလောင်ပြာကျခရပြီးဖြစ်ကြောင်း ညီနောင်(၃)ဖွဲ့က ဆိုပါရေ။
ယေပြီးကေ ပေါက်တောမြို့အတွင်း ဓားစာခံကယ်တင်ရီးတိုက်ပွဲတိ ဆက်လက်ဟိနီရေပိုင် မြို့ထဲပိတ်မိပနာ ကျန်ဟိနီသိမ့်ရေ ဒေသခံပေါက်တောမြို့သူမြို့သားရိုကိုမိမိရို့ ရက္ခိုင့်တပ်တော်အနီနန့် ဆက်လက်ကယ်တင်ဖို့ ကြိုးစားလျက်ဟိနီရေလို့လည်း သိရပါရေ။
ယင်းပြင် နိုဗမ်ဘာ၂၅ရက်နိ၊ မိုးထ ၁၀နာရီအချိန်လောက်မာ “ကျင်းစန်းကြော့” နယ်စပ်ဂိတ်ကို ညီနောင် မဟာမိတ် (၃) ဖွဲ့က အပြီးသတ်သိမ်းပိုက်ခပိုင်၊ ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA)နန့် ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) ရို့ပူးပေါင်းပနာ နိုဗမ်ဘာ ၁၉ ရက်နိက စတင်ထိုးစစ်ဆင်ခရေ “နန့်စလပ်”ဒေသဟိရန်သူ့တပ်ရင်းကြီး (၅၆၇) ၊ (၅၆၈) တပ်စခန်း (၂) ခုကို စစ်ဆင်ရီး (၆)ရက်အကြာ နိုဗမ်ဘာ၂၄ ရက်နိမာ မိမိရို့တပ်ဖွဲ့ဝင်တိ၏ ပီးဆပ်မှုများစွာနန့် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခရေလို့ ဆိုပါရေ။
ယင်းတိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲဝင် ၁၆ ယောက်ကို သုတ်သင်နိုင်ခပိုင် စစ်သုံပန်း ၃၁ ယောက်ကို ဖမ်းဆီးရခပနာ သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နန့် လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရဟိခပြီးကေ မိမိရိုအနီနန့် နန့်စလပ်ဒေသအတွင်းဟိ ရန်သူ့စခန်းအားလုံးကို ချေမှုန်းနိုင်ခပနာ ဒေသတခုလုံးကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်တေလို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါရေ။
အလားတူ နိုဗမ်ဘာ ၂၅ ရက်နိ၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်လောက်ကလည်း တအာင်းပြည်နယ်၊ တပ်မဟာ(၆) စစ်ဒေသ၊ လားသျှိုးမြို့နယ်၊ ဟိုပင်ကျေးရွာနားမာ စစ်ကောင်စီနန့် တအာင်းတပ်မတော် (TNLA) ရို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခရေလို့ ညီနောင်မဟာမိန် (၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။