မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို အကူအညီပီးရန် ပြင်သစ်စီစဉ်
APM၊ မေ ၂၅ / ၂၀၂၃
ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပီးပို့ရန် စီစဉ်နီကြောင်း ပြင်သစ်သံရုံးက မေ ၂၄ရက်နိ ရက်စွဲနန့် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ပြင်သစ်နိုင်ငံအနီနန့် မြန်မာပြည်ကို ဝင်ရောက်တိုက်ခတ်ခသည့် ပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၉ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခရပြီး လူအများအပြား သီဆုံးခရခြင်းအပေါ် ဝမ်းနည်း ကြောင်းနန့် မုန်တိုင်းကြောင့် ပျက်စီးဆုံးယှုံးခရသူများနန့် တတူဟိနီမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းကြောင့် ပြင်သစ်နိုင်ငံအနီနန့် အရေးပေါ်လိုအပ်နီသည့် အမိုးအကာ၊ သောက်သုံးရီနန့် တခြားလိုအပ်သည့် အကူအညီများကို မြီပြင်တွင် ဆောင်ရွက်နီသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအား ပီးပို့လားမည်ဟု ဆိုသည်။
ယင်းအပြင် ပြောင်းလဲလာသည့် လိုအပ်ချက်များအတွက်လေ့ ထပ်မံပံ့ပိုးရန် အသင့်ဟိနီပြီး လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကို လုံလုံခြုံခြုံနန့် အတားအဆီးကင်းကင်း ရောက်အောင်ပီးပို့လားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂကတော့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူ ၁.၆သန်းကို ကူညီပီးရန် ဒေါ်လာ ၃၃၃ သန်းကို အရေးပေါ် အကူအညီ တောင်းခံထားပြီး အမေရိကန်နိုင်ငံမှ လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီလားမည်ဟု မေ ၂၄ ရက်နိတွင် ထုတ်ပြန်ခသည်။
Source – Myanmar – French solidarity in the aftermath of Cyclone Mocha