APM၊စပ်တမ်ဘာ ၂၃/၂၀၂၃
ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ပေါ်ကျွန်းပေါက်တောရွာက အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုနန့်ပတ်သက်လို့ တရားခံ အစစ်အမှန်ပေါ်ပေါက်နိုင်ရီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နီကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA၊AA က ဒေနိ(စပ်တမ်ဘာ ၂၃ ရက်နိ) ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ” ULA/AA စွာစပ်တမ်ဘာ ၁၇ ရက်နိမာ အဓိက သံသယဟိလူ ၂ ယောက်နန့် ဆက်စပ်သူ ၁ ယောက်ကို ဖမ်းဆီးနီပြီးကေ၊ စစ်ဆီးနီစဉ်အတွင်း စပ်တမ်ဘာ ၁၉ ရက်နိ ညဇာကအဓိက သံသယဟိသူ တယောက် ထွက်ဗြီးလားရေလို့ဆိုပါရေ။
ထွက်ဗြီးလွတ်မြောက်လားလူမာ ဦးမောင်မောင်အေးဖြစ်ပြီးကေ ULA/AA က အယင်ဆုံး ပြန်ဖမ်းမိဖို့နန့် တရားခံ အစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားလို့ ဟိနီရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။။
အမှုနန့်ပတ်သက်လို့ အလောင်းကို မျက်မြင်တွိဟိခရေ သက်သီ ၆ ယောက်ကိုလည်း ခေါ်ယူ စစ်ဆီးနီရေလို့ သိရပါရေ။
ဆရာမ ဒေါ်နှင်းယုနွယ်စွာ ပန်းဖော်ပြင် အလယ်တန်းကျောင်းမှာ တာဝန်ကျနီရေ အလယ်တန်းပြဆရာမတယောက်ဖြစ်ပြီးကေ စပ်တမ်ဘာ ၁၆ ရက်နိက စာပြဖို့လားစဉ် ပေါက်တော-ပန်းဖော်ပြင်လမ်းမာ အဓမ္မပြုကျင့် လိုင်လှီးသတ်ဖြတ် ခံခရစွာ ဖြစ်ပါရေ။
Photo – Original Uploader