APM၊ ဒီဇင်ဘာ ၂၉ /၂၀၂၃
ဘူးသီးတောင်မြို့နယ်အတွင်း ဒီဇမ်ဘာ ၂၉ ရက်နိ၊ ညဇာဖက်မာ အကြမ်းဖက် စစ်ကောင်စီတပ် စခက (၁၅) တပ် ရင်းက လက်နက်ကြီးနန့်ရည်ရွယ်ချက်ဟိဟိ ယမ်းကား ပစ်ခတ်လို့ ဒေသခံ မူဆလင် ၁ ယောက် ပြင်းပြင်း ထန်ထန်ထိခိုက်ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားရေလူစွာ ဘူးသီးတောင်မြို့နယ်၊ ဝါချီးလာ (မူဆလင်) ရွာက အဖအာဘော်လာချီ၏သား မာမောက်ဟာရပ်(၁၈ နှစ်) ဖြစ်ပါရေ။
ဒေနိ၊ ညဇာ ၄နာရီ ၁၄မိနစ်လောက်က ဘူးသီးတောင်အခြီစိုက် စခက(၁၅)တပ် ရင်းက ပစ်လိုက်တေ လက်နက်ကြီး ကျည်တလုံးစွာ ကွန်တိုင်(ရက္ခိုင်)ရွာ၏ အနောက်ဖက်ဟိ မာမောက်ဟာရပ်၏ ဟင်းခင်းမာ ကျရောက် ပေါက်ကွဲခပါရေ။
လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မာမောက်ဟာရပ်၏ ညာဖက်လက်မာ ပြင်းထန် ဒဏ်ရရာလားပြီးကေ ညာဖက် ဘေးခပ်မာလည်း ကျည်စဝင်လားရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်AA နန့် စစ်ကောင်စီတပ်ရို့ နိုဗမ်ဘာ ၁၃ ရက်နိက တကျော့ပြန်တိုက်ပွဲတိစတင်ပြီးနောက်ပိုင်း စစ်ကောင်စီစွာ အရပ်သားပြည်သူရို့နီထိုင်ရာ မြို့ရွာတိကို လက်နက်ကြီး၊ လက်နက်ချေတိ၊ စစ်သင်္ဘော၊ ဒရုန်း၊ ရဟတ်ယာဉ်၊ တိုက်လီယာဉ်တိနန့် ရည်ရွယ်ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်နီရေအတွက် ဒေနိအထိ အရပ်သားပြည်သူ ၄၀ ကျော်သီဆုံးခရပိုင်၊ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရထားပြီး ဖြစ်ကြောင်း သိရပါရေ။