APM ၊ မာ့ချ် ၂၃ / ၂၀၂၃
ရက္ခိုင်ဟိ ရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးစေတီများအပါအဝင် သာသနာ့ပိုင်မြီနန့် အဆောက်အဦများ၌ လက်ဟိ အချိန်ထိ မြန်မာစစ်တပ်က တပ်စွဲထား၍ ဘုရားဖူးခရီးသည်များနန့် ဒေသခံများ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့တိုက်ပွဲများပြင်းထန်ခသည့် ၂၀၁၈/၂၀၁၉ ခုနှစ်ကပင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်နန့် ရသေ့တောင်မြို့နယ်ဟိ သာသနာ့ပိုင်မြီနန့် အဆောက်အဦများတွင် မြန်မာစစ်တပ်မှ အခိုင်အမာ တပ်စွဲနီရာ ယူထားခြင်းဖြစ်သည်။
လက်ဟိတွင် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်အပစ်ရပ်ထားကေလေ့ မြန်မာစစ်တပ်အနီနန့် ၎င်းရို့ တပ်စွဲထားသည့် ရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးစေတီများအပါအဝင် သာသနာ့ပိုင်မြီနန့် အဆောက်အဦများမှ ဖယ်ပီးခြင်းမဟိသည့်အတွက် ဘုရားဖူးခရီးသည်များ အခက်ကြုံနီကတ်ရသည့်အပြင် ဒေသခံပြည်သူများမှာလေ့ ဘုရားပုရဝုဏ်အတွင်း သန့်ယှင်းရီးပြုလုပ်ရန်ပင် အခက်ကြုံနီကတ်ရသည်။
ယင်းအပြင် အယင်က နှစ်စဉ်နှစ်တိုင်းကျင်းပလိဟိသည့် ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်များလေ့ ကျင်းပခွင့်မရဖြစ်နီပြီး၊ တချို့ မြန်မာစစ်တပ် တပ်စွဲနီရာယူထားသည့် ဘုန်းကြီးကျောင်းများဆိုလျှင် ဆွမ်းလာပို့သည့် ရွာသားများပင် အဝင်အထွက် စာရင်းများပီးကတ်ရသည်ဟု ဆိုသည်။
တချို့ မြန်မာစစ်တပ်တပ်စွဲထားသည့် ဘုရားပုထိုးစေတီများတွင်တော့ ဘုရားဖူးခွင့်ပြုပီးထားကေလေ့ ဘုရား ပုရဝုဏ်အတွင်း စစ်ကောင်စီတပ်စခန်းများဟိနီ၍ ဘုရားဖူးခရီးသည်များမှာ စိုးရိမ်စိတ်များနန့် ဖူးမြော်နီကတ်ရ သည်။
လက်ဟိတွင် သင်္ကြန်ကာလလေ့ ပါးလာသည့်အတွက် ဗုဒ္ဓဘာသာဝင်များ၏ ထုံးတမ်းစဉ်လာအတိုင်း အခါကြီး နိ ကြီးများ၌ ဘုရားပုထိုးများသို့ လာရောက်၍ လွတ်လပ်စွာ ဥပုဒ်သီလဆောက်တည်နိုင်ရန်နန့် လွတ်လပ်စွာ ဘုရားဖူး ခွင့်ရရန် အတွက် မြန်မာစစ်တပ် တပ်စွဲနီထိုင်နီခြင်းကို ရုပ်သိမ်းပီးရန် ဒေသခံများလိုလား နီကတ်သည်။
ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကလေ့ ယင်းသို့ သမိုင်းဝင်ဘုရားပုထိုးစေတီများအပါအဝင်သာသနာ့ပိုင်မြီနန့် အအောက်အဦများတွင် မြန်မာစစ်တပ်က တပ်စွဲနီထိုင်ခြင်းမှာ ဂျနီဗာကွန်ဗင်းချန်း(Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြ ပြောဆိုထားသည်ကို တွိဟိရပါသည်။