
APM ၊ မာ့ချ် ၂၈ / ၂၀၂၃
နိုင်ငံရီးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ တည်ဆဲပါတီများအနီနန့် ရက် ၆၀ အတွင်း ( မာ့ချ် ၂၈ ရက်နိကိုနောက် ဆုံးထား၍) မှတ်ပုံတင်ခွင့်ပြန်လျှောက်ရမည်ဟု ကြေညာခပြီးနောက် ရက် ၆၀ ပြည့်ပြီးသည့် ဒေနိမှာ NLD အပါအဝင် မှတ်ပုံတင်ခွင့်ပြန်မလျှောက်သည့် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း UEC က ကြေညာလိုက်သည်။
UEC ၏ မာ့ချ် ၂၈ ရက်နိ ထုတ်ပြန်ကြေညာချက်အရမှတ်ပုံတင်ခွင့်လျှောက်ရန် သတ်မှတ်ထားသောနောက်ဆုံးရက်အထိ လျှောက်ထားသည့်ပါတီ ပေါင်း ၆၃ ပါတီဟိကြောင်းသိရပြီး၊ ယင်း ၆၃ ပါတီအနက် နိုင်ငံရီးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ပါတီ ၅၀ နန့် ပုဒ်မ ၃ အရ ၁၃ ပါတီ မှတ်ပုံတင်ခွင့်လာရောက်လျှောက် ထားသည်ဟု ဆိုသည်။
UEC ဖျက်သိမ်းလိုက်သည့် ပါတီများတွင် NLD၊ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD အပါအဝင် ကချင်၊ ကရင်နီ၊ ချင်း၊ ရက္ခိုင်အခြီစိုက် ပါတီတချို့လေ့ ပါဝင်ကြောင်းသိရသည်။
ယင်းအပြင် ပါတီအသစ်လျှောက်ထားမှုများကိုတော့ ဆက်လက်လက်ခံလားမည်ဟု UEC က ကြေညာထားသည်။
Photo – UEC
