APM၊ နိုဗမ်ဘာ ၂၅/၂၀၂၂
ကျောက်ဖြူမြို့တွင် ဒေနိ (နိုဗမ်ဘာ ၂၅ ရက်နိ) ၌ ရပ်ကွက်အုပ်ချုပ်ရီးမှူးတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလားခကြောင်း သိရသည်။
အဖမ်းခံရသူမှာ ကျောက်ဖြူမြို့၊သံပန်ချောင်းရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးနိုင်ဇော်လင်း(၃၈ နှစ်) ဖြစ်သည်။
ဦးနိုင်ဇော်လင်းကို ဒေနိမိုးထ ၁ နာ ရီခွဲ၌ ကျောက်ဖြူမြို့ စရဖ ကျော် ကျော်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၅ ယောက်က အိမ်စီးကား နှစ်စီးဖြင့် လာရောက်၍ နီအိမ်မှ ဖမ်း ဆီး လားခခြင်းဖြစ် သည်။
ယင်းနောက် သူ့ကို ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းထဲတွင် စစ်ကြောနီကြောင်းသိရသည်။
စစ်ကောင်စီသည် စပ်တမ်ဘာ ၇ ရက်နိမှ နိုဗမ်ဘာ ၂၅ ရက်နိ အထိ ကာလအတွင်း ရပ်ရွာ အုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ၊စီးပွားရီးလုပ် ငန်းသျှင်များအပါအဝင်ကျောက် ဖြူ မှ အပြစ်မဲ့ပြည်သူ ၄၃ ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ မတရား သဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။