သာလီစွပါ…..Arakan Princess Media “အာရက္ခ မင်းသမီး သတင်းမီဒီယာ”က ကြိုဆိုပါရေ။ Arakan Princess Media ရေ ရခိုင်ပြည်နန့်ရခိုင်ပြည်သူ့အကျိုးစီးပွားကို မဏ္ဍိုင်ပြုပြီးကေ ရခိုင်ပြည်သူရို သတင်းမှန်သိဟိခွင့်ရဖိုနန့် လွတ်လပ်ခြင်း၊ မျှတခြင်း၊ အီးချမ်းခြင်း၊ အမျိုးသားလွတ်မြောက်ရီးတိုက်ပွဲကို အထောက်အကူပြုနိုင်စီဖိုအတွက် ပြည်သူနန့် တသားတည်း ရပ်တည်ပနာ ဘာသာလူမျိုးမခွဲခြားဘဲ အာရက္ခပြည်သူရိုအကျိုးကို မီဒီယာနည်းနန့် တစိုက်မတ်မတ် သယ်ပိုး ထမ်းရွက်လားဖို ရည်ရွယ်ဖွဲစည်းထားရေ ရခိုင်အမျိုးသားမီဒီယာတရပ်ဖြစ်ပါရေ။မီဒီယာလုပ်ငန်းစဉ်တိဖြစ်တေ “သတင်း၊ ဖျော်ဖြေ၊ ပညာပီးခြင်း” သာမက လွတ်လပ်တေ အာရက္ခတိုင်းပြည် တည်ဆောက်ရီးအတွက် ကြီးမားကျယ်ပြန့် ခိုင်မာရေ Institution တခုအဖြစ် ကိုယ်စွမ်း ဉာဏ်စွမ်းဟိသမျှ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်လားဖိုဖြစ်ပါရေ။ ရခိုင်ဘာသာစကား “စံ” ဖြစ်ထွန်းရီး၊ တည်ငြိမ်ရေ ရခိုင်ဘာသာစကားဖြစ်ပေါ်လာဖိုအတွက်လည်း အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လားပါဖို။Arakan Princess Media မှာ သတင်း၊ သုတ၊ ရသ၊ အနုပညာ ကဏ္ဍစုံတိကို Website, Facebook Pages, Youtube, Telegram , FM, TV ရိုကနီတဆင့် အေနိ ရက္ခိုင်သက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၃) ရက် ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ စပ်တမ်ဘာလ (၄) ရက်၊ စနီနိကစတင်ပနာ ထုတ်လွှင့်တင်ဆက်ပီးလားဖိုဖြစ်ပါရေ။ သတင်းအစီအစဉ်မှာ ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာသတင်း၊ အားကဇတ်၊ မိုးလီဝသ သတင်းတိအပြင် စစ်ရီး၊ နိုင်ငံရီး၊ ကျန်းမာရီး၊ စီးပွားရီး၊ ပညာရီး၊ လူမှုရီး ကဏ္ဍအလိုက်သတင်းတိကို နားဆင်ကတ်ရဖိုပိုင်၊ သမိုင်း၊ စာပီ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ အစဟိရေကဏ္ဍတိကိုလေ့ အလှည့်ကျ ထည့်သွင်း ထုတ်လွှင့် တင်ဆက်ပီးလားဖို ဖြစ်ပါရေ။မိဘပြည်သူရို အနီနန့် Arakan Princess Media ကို အာရက္ခတိုင်းပြည်၏ အဆင့်အတန်းဟိရေ အမျိုးသားမီဒီယာအဖြစ် အဖပြည်၏ အကျိုးကို ရီရှည် ရပ်တည် ဆောင်ရွက်နိုင်စီဖိုအတွက် Aarakan Princess Media ၏ အားနည်းချက်၊ လိုအပ်ချက်တိ ဟိခကေလေ့ အားမနာတမ်း အပြုသဘောဆောင်ရေ ဝေဖန်အကြံ ပြုချက်တိနန့် ထောက်ပြပြောဆိုပီးကတ်ဖိုကို မျှော်လင့်ပါရေ၊၊ အဖပြည်သူ/ပြည်သားတိအားလုံး COVID-19 ဖီးအန္တရာယ်ကင်းဝီးကတ်ပြီးကေ၊ အာရက္ခတိုင်းပြည်တည်ဆောက်ရီးမှာ အဂုထက် ပိုလို ကြိုးပမ်း အားထုတ်နိုင်ကတ်ပါစီလို Aarakan Princess Media က ဆုမွန်ကောင်း တောင်းပီးလိုက်ပါရေ။
website: https://www.arakanprincess.media
youtube: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ
telegram: https://t.me/arakanprincess
ရေဒီယိုသတင်း https://arakanprincess.media/radio/
ကြိုက်နိုက်သက်ပါရေ
Welcome warmly