APM၊ နိုဗမ်ဘာ ၉/၂၀၂၂
တောင်ကုတ်နန့် ရမ်းဗြဲတွင် ဒေရက်ပိုင်းအတွင်း စစ်ကောင်စီတပ်(နေဗီ)က ဒေသခံရီလုပ်သားများထံမှ ငါး/ပုဇွန် များကို လက်နက်အားကိုးဖြင့် ဓါးမြတိုက်အနိုင်ကျင့် လုယက်ပြီး ရီလုပ်သားများအား အဓမ္မ လုပ်အားစီခိုင်း သည့် အပြင် လူမဆန်စွာ ရက်ရက် စက်စက် ခြိမ်းခြောက် ရိုက်နှက်မှုများ ပြင်းပြင်း ထန်ထန် ပြုလုပ်နီကြောင်း သိရသည်။
ကုန်ခသည့် နိုဗမ်ဘာ ၅ ရက်နိမှစ၍ တောင်ကုတ်မြို့နယ်နန့် ရမ်းဗြဲမြို့နယ်ကြား စပါးကြီးမြစ်ပြင်ဟိ စပါးကြီး ကျွန်းအနားတွင် ဝင်ရောက်လျက်ဟိသော ခမရ (၄၁၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်လိုက်ပါလာသည့်စစ်ကောင်စီတပ်(နေဗီ)သည် စပါး ကြီးမြစ်ပြင်တွင် လားလာလျက်ဟိသော ခရီးလားပြည်သူများနန့် စပါးကြီးမြစ်ကို အခြီပြု၍ ရှာဖွီလုပ် ကိုင် စားသောက်နီကတ်သော ရီလုပ်သားများအားခြိမ်းခြောက်ကြိမ်းမောင်းပြောဆိုသည့် အပြင်၊ ရီလုပ်သားများထံမှ ငါး/ ပုဇွန်များကိုလေ့ လက်နက်အားကိုးဖြင့် ဓါးမြတိုက် လုယက်ပြီး၊ ULA/AA နန့် ဆက်စပ် သည်ဟု မတရားစွပ်စွဲလျက် လူမဆန်စွာ ရိုက်နှက် နှိပ်စက်ကာ စစ်ဆီးမိန်းမြန်းမှုများ ပြုလုပ်လျက်ဟိသည်။
ဒေနိ(နိုဗမ်ဘာ ၉ရက်နိ)မိုးထ ၇နာရီခန့်က ယင်းစပါး ကြီးကျွန်းနားဟိ အဆိုပါ စစ်ကောင်စီတပ်(နေဗီ) သည် တောင် ကုတ်မြို့နယ်၊ တန်းလွဲတိုက်နယ်၊ ဒိုးပါ စီပိုက်ဆိပ်မှရီလုပ်သားများကို၎င်းရို့(နေဗီ) အတွက် ပိုက်တိုင် ၂ လုံး အား နိုဗမ်ဘာ ၁၂ ရက်နိ နောက်ဆုံးထား၍ (မဖြစ်မနီ)ပြုလုပ်ပီးရန် ခြိမ်းခြောက် ပြော ဆိုခသည်။
အလားတူ နိုဗမ်ဘာ ၈ ရက်နိကလေ့ အဆိုပါ နေဗီမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒိုးပါစီပိုက်ဆိပ်မှ ရီလုပ် သားနှစ် ယောက်ထံမှ ငါး/ပုဇွန်များကို အဓမ္မသိမ်းယူပြီး၊ ULA/AA နန့် ဆက်စပ် ပတ်သက်သည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုကာ စစ်ကောင်စီတပ်ဖွဲဝင်များက ယင်းနှစ်ယောက်၏ ပါးကို လက်ဝါးဖြင့် (၃) ချက်တိတိ အားရပါးရ ပစ်သတ်၍ မိနစ်၃၀ခန့် နှိပ်စက် စစ်ဆီးမိန်းမြန်းခသည့်အပြင်၊ ဒိုးပါစီပိုက်ဆိပ်မှ တခြား ရီလုပ်သား (၁၅) ယောက် ကိုလေ့ နီဗီထက်သို့ခေါ်ယူကာ ULA/AA နန့် မပတ်သက်ရန်၊ AA တပ်ဖွဲ့ဝင်များထံသတင်းမပို့ရန်ကြုံးဝါးခြိမ်းခြောက် လျက် ရီလုပ်သားများထံမှ ငါး/ပုဇွန်များကိုပါထပ်မံလုယူလားခသည်ဟုဒေသခံများကဆိုသည်။
နိုဗမ်ဘာ ၇ ရက်နိတွင်လေ့ အဆိုပါ နေဗီသည် တောင်ကုတ်မြို့နယ်၊ လမူးချောင်းမှထွက်လာသော ထင်းဘုတ် ၁ စီးအား သီနတ်ပစ်ဖောက်၍ ခြိမ်း ခြောက်ခေါ်ယူ စစ်ဆီးမှုများ ပြုလုပ်ခသည့်အပြင်၊ နိုဗမ်ဘာ ၆ ရက်နိကလေ့ ရမ်းဗြဲမြို့နယ်၊ မြေပုံရွာ နန့် ဂြင်းတောရွာပိုက်ဆိပ်များမှ ရီလုပ်သားများအား နေဗီထက်သို့ခေါ်ယူကာ ULA/AA နန့် မပတ်သက် ရန်၊၎င်းရို့နေဗီသို့ငါး/ပုဇွန်များ(မဖြစ်မနီ)လာရောက် ပို့ဆောင်ပီးရန် ခြိမ်းခြောက်ပြောဆိုခကြောင်း သိဟိရပါသည်။
စစ်ရီး၊ နိုင်ငံရီး အဖက်ဖက်၌ ကျဆုံးလျက် ထွက် ပေါက် ပိတ်နီသော စစ်ကောင်စီတပ်သည် စစ်ဖက်နန့် လုံးဝ မသက်ဆိုင်သည့် အရပ်သားပြည်သူများအား အဓိကပစ်မှတ်ထား တိုက်ခိုက်လျက်ဟိနီပြီး ပြည်သူများ၏ စည်းစိမ် ဥစ္စာများကို အတင်းအဓမ္မ လုယက် ယူဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် ဓားပြတိုက်ခြင်း၊ အတင်း အဓမ္မ လုပ်အား စီခိုင်းခြင်း၊ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်း၊ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ ဂျက် တိုက်လီယာဉ်များ၊ ဒရုန်းများ၊ လက်နက်ကြီးများ အသုံးပြုလျက် အပြစ်မဲ့ပြည်သူများ နီထိုင်ရာ ရပ်ရွာများသို ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခြင်း၊ ရပ်ရွာများအားမီးတိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ၊ လက်ရဲဇက်ရဲ ကျူးလွန်လျက်ဟိကြောင်း သိဟိရသည်။

