APM ၊ စပ်တမ်ဘာ ၉ / ၂၀၂၃
မောင်တောမြို့နယ်မာ စပ်တမ်ဘာ ၈ ရက်နိက စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်း ချင်းပစ်ကတ်လို့ စစ်သား ၂ ယောက်သီဆုံးလားခပါရေ။
စပ်တမ်ဘာ ၇ ရက်နိက ဘူးသီးတောင်- မောင်တောကားလမ်းထက် ၆ မိုင် စစ်ဆီးရီးဂိတ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တယောက်စွာလက်နက်ယူပနာ ထွက်ဗြီးခပါရေ။
ထွက်ဗြီးလားရေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို မြန်မာစစ်တပ်နန့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တိ ပူးပေါင်း ရှာဖွီကတ်ခါ စပ်တမ်ဘာ ၈ ရက်နိ ညည့် ၈ နာရီအချိန် အချင်းချင်းပစ်ခတ်မှုဖြစ်ပြီးကေ စစ် သား ၂ ယောက်သီ ဆုံးခရေလို့ ဒေသခံတိက APM ကို ပြောပါရေ။
သီဆုံးလားခရေ စစ်သား ၂ ယောက် ရုပ်အလောင်းတိကိုတော့ခါ သူရို့ကင်းလှည့် ချိန် လမ်းမထက်မာ တွိခရေလို့ဆိုပါရေ။
လက်နက်ယူ ထွက်ဗြီးလားရေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုတော့ မြန်မာစစ်တပ်နန့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်တိ ပေါင်းပနာ လက်ဟိအချိန်အထိ အပူတပြင်းဆက်လက် ရှာဖွီနီကတ်တေလို့သိရပါရေ။
ဒေနှစ်အတွင်းဘူးသီးတောင်၊မောင်တော နယ်ခြားစောင့်စခန်းတိက ရဲတပ်ဖွဲ့ဝင်တိစွာ မကြာမကြာ ထွက်ဗြီးနီရေလို့ ဒေသခံတိအကြား ပြောဆိုနီကတ်ပါရေ။