
APM ၊ စပ်တမ်ဘာ ၉ /၂၀၂၃
အမ်းမြို့နယ်မာ ဒေနိကျရောက်တေ ဆရာတော်အသျှင်ဥတ္တမပျံလွန်တော်မူခရေ( ၈၄ ) နှစ်မြောက်နိ အထိမ်းအမှတ်အဖြစ် သစ်ပင် ၈၄၀ စိုက်ပျိုးနီရေလို့သိရပါရေ။
ယင်းသစ်ပင်တိကို အမ်းမြို့နယ်တောင်ဖက် သံဇစ်မြစ်ဖျားက “ဆရာတော်အသျှင်ဥတ္တမ ဘေးမဲ့ပြားတောထဲမာ စိုက်ပျိုးနီစွာလို့သိရပါရေ။
စိုက်ပျိုးနီရေ သစ်ပင်တိမာ ကုက္ကိုပင်တိနန့် တခြားအပင်တချို့ပါဝင်ရေလို့သိရပါရေ။
ယင်းအပြင် ဆရာတော် အသျှင်ဥတ္တမနိအထိမ်းအမှတ်အဖြစ်နောက်ထပ် ကဏန်းတိနန့် ငှက်မျိုးစိပ်ရို့ကိုလည်း ဘေးမဲ့လွှတ်ပီးလားဖို့လို့ ဒေသခံတိကဆိုပါရေ။
ဆရာတော်အသျှင်ဥတ္တမ ဘေးမဲ့ပြားတောစွာ ဧက ၂၀၀ ဝန်းကျင်ကျယ်ပြီးကေ ကုန်ခရေ ၂ဝ၂၁ ခုနှစ်က ကျရောက်ခရေ (၈၂)နှစ်မြောက်အသျှင်ဥတ္တမနိအထိမ်းအမှတ်တုန်းက ဂုဏ်ပြုသတ်မှတ်ခစွာဖြစ်ပါရေ။
ယင်းဆရာတော်အသျှင်ဥတ္တမ ဘေးမဲ့ပြားတောမှာ ကုန်ခရေ ၂၀၂၂ ခုနှစ်ကလည်း ဆရာတော်၏ (၈၃) နှစ်မြောက် နိအထိမ်းအမှတ်အဖြစ် ဒေသခံတိမှာ သစ်ပင်တိစိုက်ပျိုးခကတ်သိမ့်ရေလို့သိရပါရေ။


