![](https://arakanprincess.media/wp-content/uploads/2023/09/photo_2023-09-09_13-15-44.jpg)
APM ၊ စပ်တမ်ဘာ ၉ / ၂၀၂၃
ဂရိနိုင်ငံမာ ဆိုးရွားရေ မိုးကြီးရီကြီးလို့ စပ်တမ်ဘာ ၈ရက်နိအထိ သီဆုံးလူ ၈ ယောက် ဟိလာပြီးကေ လူထောင် ပေါင်းများစွာ ဖီးလွတ်ရာသို့ ရွှိပြောင်းနီရရေလို့ သိရပါရေ။
စပ်တမ်ဘာ ၈ ရက်နိအထိ ရီကြီးလို့ သီဆုံးလူ ၁၀ ယောက်နန့် ပျောက်နီလူ ၄ယောက်ဟိနီပြီး ရီမြုပ်နီရေ ဒေသတိမာ ကျန်နီသိမ့်ရေ လူတိကို ကယ်ဆယ်ရီးဝန်ထမ်းတိက လီယာဉ်တိနန့် ဖီးလွတ်ရာသို့ ရွှိပြောင်းပီးခပါရေ။
ဂရိနိုင်ငံမာ မိုးကြီးလို့ချောင်းတိ၊ ဆည်တိပေါက်လားစွာက လမ်းတိ၊ တန်းထားတိ ရီစီးနန့် မျောပါပျက်စီးလားပြီးကေ အေသင်မြို့မာ ၁၂ နာရီအတွင်း ပျမ်းမျှနှစ်စဉ်မိုးရီချိန်ထက် နှစ်ဆမိုးရွာခရေလို့ အာဏာပိုင်တိက ဆိုပါရေ။
စပ်တမ်ဘာ ၈ ရက်နိက လူဦးရေ ၁၅၀,၀၀၀ လောက်ဟိရေ ဂရိနိုင်ငံ၏ အကြီးဆုံးမြို့ လာရစ်ဆာမြို့ကို ပင်နီယို့စ်မြစ်ရီတိ ဝင်လာလို့ ရီကြီးရီလွမ်းမိုးမှုတိ ဆက်ဖြစ်နီပြီးကေ ဒေသခံတိကို ဖီးလွတ်ရာသို့ ရွှိပြောင်းဖို့ အမိန့်ထုတ်ခပါရေ။
ရီကြီးနီရေ ဒေသတိမာ ရှာဖွီကယ်ဆယ်ရီးသမား ၁,၀၀၀ ကျော်နန့် ရဟတ်ယာဉ် ၂၀ ကျော်လောက် အားဖြည့်ပနာ ရွှိပြောင်းရီး၊ ကူညီကယ်ဆယ်ရီးများ လုပ်နီပြီးကေ စပ်တမ်ဘာ ၈ရက်နိက လူပေါင်း ၂,၀၀၀နီးပါးကို ရွှိပြောင်းခပါရေ။
ဆိုးရွားရေ အဆိုပါမိုးကြီးမှုကြောင့် အိမ်နီးချင်း ဘူဂေးရီးယား၊ တူရကီရို့လည်း ရီကြီးမှုတိဖြစ်နီပြီးကေ သုံးနိုင်ငံစလုံးမာ ကုန်ခရေ စပ်တမ်ဘာ ၄ ရက်နိကစလို့ စပ်တမ်ဘာ ၈ရက်နိအထိ သီဆုံးလူ ၂၂ ယောက် ဟိလာယာဖြစ်ပါရေ။
Source Death toll from flooding in central Greece rises to 10
Photo Reuters
![](https://arakanprincess.media/wp-content/uploads/2023/09/photo_2023-09-09_13-15-44.jpg)