APM ၊ စပ်တမ်ဘာ ၉ /၂၀၂၃
မြောက်ဦး ၊ထမ္မရာဇ်စစ်ဖီးယှောင်စခန်းစွာ စားနပ်ရိက္ခာနန့် အသုံးဆောင်ပစ္စည်းတိ အရေးတကြီးလိုအပ်နီရေလို့ သိရပါရေ။
ထမ္မရာဇ်စစ်ဖီးယှောင်စခန်းသို့ အကူညီလာရောက်ပီးအပ်မှုနည်းပါးလို့ စစ်ဖီးယှောင်တိစွာ စားဝတ်နီရီး အခက်ခဲတိနန့် ရင်ဆိုင်နီကတ်ရပြီးကေ မိုးမလုံရေ အဆောင်တိမှာ ကျပ်ကျပ် တည်းတည်း နီထိုင်နီကတ်ရရေလို့ စစ်ဖီးယှောင်တိက ပြောပါရေ။
လက်ဟိ ပြိုကျပျက်စီးနီရေ အိမ်တိကို ဝါးအဆွီးတိနန့် တနိုင်တပိုင်ပြုပျင်ပနာ ဖြစ်တေပိုင် နီထိုင်ကတ်ရရေလို့ ဆိုပါရေ။
စစ်ဖီးယှောင်တိစွာ အလုပ်အကိုင်ယှားပါးလို့ စားဝတ်နီရီး အခက်ခဲဖြစ်နီကတ်ရပိုင် မုန်တိုင်းတိုက်ပြီးချိန်ကစလို့ နီစရာအဆောင်တိကိုရာ ပြုပျင်နီရရေလို့ သိရပါရေ။
ယင်းစစ်ဖီးယှောင်စခန်းအတွင်း အိမ် ထောင်စု ၂၈ စုနန့် လူဦးရေ ၂၁၅ ယောက်ခိုလှုံနီထိုင်ကတ်ပြီးကေ ယင်းအထဲ ကိုယ်လက်အင်္ဂါချို့ယွင်းလူတိလည်း ပါဝင်ရေလို့ သိဟိရပါရေ။