APM၊ စပ်တမ်ဘာ ၉/၂၀၂၂
ဒေနိ(စပ်တမ်ဘာ ၉ ရက်နိ)တွင် ကျရောက်သည့် (၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနိ အထိမ်းအမှတ်အခမ်းအနားများကို ရက္ခိုင်ပြည် မြို့နယ်အများစု၌ ကျင်းပပြုလုပ်ခကြောင်းသိရသည်။
ဆရာတော်ဦးဥတ္တမနိကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ မောင်တော အပါအဝင် ရက္ခိုင်ပြည်မြို့များတွင်ကျင်းပ ခခြင်းဖြစ်သည်။
ရက္ခိုင်ပြည်၏ မြို့တော် စစ်တွေတွင် ဒေနိ မိုးထမှစ၍ ဆရာတော်ဦးဥတ္တမနိအခမ်းအနားများကျင်းပပြုလုပ်ပြီး ဆရာတော် ဦးဥတ္တမပန်းခြံဟိ ဆရာတော်၏ရုပ်တုရှိ၌ မြို့ခံများက လာရောက် ပန်းခွီချ ဂါရဝပြုခကတ်သည်။
ယင်းအပြင် ကျောက်ဖြူတွင်လေ့ ကျောက်ဖြူမြို့နယ် ရခိုင်အမျိုး သားပါတီ(ANP)က ဦးဆောင်ကာ (၈၃)နှစ်မြောက် ဆရာ တော် ဦးဥတ္တမနိ အထိမ်းအမှတ်အဖြစ် ကျောက်ဖြူမြို့ ဆရာတော် ဦးဥတ္တမရုပ်တုအား ပန်းခွီချ ဂါရဝပြုခကတ်သည်။
ယင်းနည်းတူ သံတွဲမြို့၊ လေးမျက်နှာကုန်း ဓမ္မာရုံ၌လေ့ ဒေနိမိုးထ ၉ နာရီအချိန်ခန့်က စတင်ကာ ဆရာတော်ဦးဥတ္တမနိ အထိမ်းအမှတ် အခမ်အနား ကျင်းပပြုလုပ်ခသည်။
ယင်းနောက် ပေါက်တောမြို့တွင်လေ့ ဒေနိမိုးထ ၉ နာရီခန့်က သာသနာ့ဗိမာန်ဟိ ဆရာတော်ဦးဥတ္တမရုပ်တုရှိ၌ ပန်းခွီချ၊ ဆီမီး ပူဇော်၍ ဂါရဝပြုခကတ်သည်။
အလားတူ မောင်တော အပါအဝင် ကျန် ရက္ခိုင်ပြည် မြို့နယ်များ၌လေ့ (၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနိအထိမ်းအမှတ် အခမ်းအနားများကို အဖွဲ့အစည်းလိုက်ဖြစ်စီ၊ ပုဂ္ဂလိက ဖြစ်စီ ပုံစံအမျိုးမျိုးနန့် ကျင်းပခကတ်သည်။
ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇမ်ဘာ ၂၈ ရက်နိတွင် စစ်တွေမြို့ ၌ မွီးဖွားခပြီး၊ ၁၉၃၉ ခုနှစ်၊ စပ်တမ်ဘာ ၉ ရက်နိတွင် ဘဝနတ်ထံပျံလွန်တော်မူခကာ ယင်းနိကို ဦးဥတ္တမနိအဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလာခခြင်း ဖြစ်ပါသည်။
(Zawgyi)
(၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနိ အထိမ်းအမှတ် ရက္ခိုင်ပြည် မြို့နယ်အများစု ကျင်းပ
APM၊ စပ်တမ်ဘာ ၉/၂၀၂၂
ပုံစာ – (၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနိအထိမ်းအမှတ် ပေါက်တောမြို့ လူငယ်များလှုပ်ယှားမှု။