APM ၊ သြဂတ်စ် ၉ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမှ အုပ်ချုပ်ရီးမှူးတယောက်အမှု ရုံးချိန်းအကြိမ်ကြိမ်ရွိဆိုင်းခံနီရကြောင်း သိရသည်။
ပုဒ်မ ၁၇(၁)(၂)နန့်တရားစွဲခံထားရသည့် အုပ်ချုပ်ရီးမှူးမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ) နီတောင်းချေ (၅၇နှစ်) ဖြစ်သည်။
အမှုကို ကုန်ခသည့်ဂျူလိုင် ၅ ရက်နိရုံးချိန်း၌ မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီ တယောက်ကိုရာ စစ်ဆီးကာ သြဂတ်စ် ၈ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်ပြီး ၊ သြဂတ်စ် ၈ ရက်နိ ရုံးချိန်း၌လေ့ ရုံးမထုတ်ခဘဲ လာမည့် သြဂတ်စ် ၁၅ ရက်နိသို့ ရုံးချိန်းရွိဆိုင်းလိုက်ကြောင်း မိသားစုဝင် များကပြောသည်။
ဦးအောင်ကျော်လှကို ပြီးခသည့် ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိ၌မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲဆိုပြီး၊ ရုံးထုတ် စစ်ဆီးလျက်ဟိရာ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုမှာ ကြန့်ကြာနီရသည်။