
APM ၊ ဩဂတ်စ် ၉ /၂၀၂၃
ဩဂတ်စ် ၈ ရက်နိက ရီကြီးမှုကြောင့် ရက္ခိုင်ပြည်မြို့နယ်တချို့မှ ကျေးရွာ အများအပြားတွင် သောက်သုံးရီကန်များ ပျက်စီးလားကြောင်း သိရသည်။
ရက္ခိုင်တွင် ပြီးခသည့်ရက်ပိုင်းမှစ၍ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရီ၊ ချောင်းရီးများမြင့်တက်လာကာ မြို့နယ်အများ စု၌ ရီလွမ်းမိုးမှုများဖြစ်ပေါ်ခသည်။
လေးမြို့မြစ်ကမ်းတလျှောက်ဟိ မြောက်ဦးနန့် မင်းပြားမြို့နယ်က ကျေးရွာအများစုတွင်လေ့ မြစ်ရီမြင့်တက်လာမှုနန့်အတူ တောင်ကျရီများ ရွာထဲဝင်ရောက်ခရာ ကျေးရွာပေါင်း ၅၀ ကျော်၌ သောက်သုံးရီကန်များ မြစ်ရီဝင်ရောက် ပျက်စီးခရ ကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ်တွင်လေ့ ကုလားတန်မြစ်ရီ မြင့်တက်လာ၍ မြစ်ကမ်းဘေးဟိ ကျေးရွာပေါင်း ၄၀ ကျော် ရီနစ် မြုပ်ခရပြီး ယင်းအထဲမှကျေးရွာပေါင်း ၂၀ ကျော်တွင် သောက်သုံးရီကန်များပျက်စီးလားခရသည်ဟု ဆိုသည်။
အလားတူ မောင်တောနန့် ဘူးသီးတောင်မြို့နယ်က ကျေးရွာတချို့မှာလေ့ တောင်ကျရီများကြောင့် သောက်ရီကန် တချို့ပျက်စီးခကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
လက်ဟိ၌ အဆိုပါ သောက်သုံးရီကန်များ ပျက်စီးခရသည့် ကျေးရွာများတွင် မသန့်ယှင်းသည့်ရီကိုရာ ဆက်လက် သောက် သုံးနီကတ်ရပြီး သန့်ယှင်းသော သောက်သုံးရီရဟိရီး အပူတပြင်းလိုအပ်နီကတ်သည်။
ရက္ခိုင်တွင် ဂျူလိုင် ၃၁ ရက်နိမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ မြစ်ရီ၊ ချောင်းရီများ မြင့်တက်လာမှုကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်မြို့နယ်များမှ ကျေးရွာပေါင်း ရာချီရီလွမ်းမိုးမှုဒဏ်ခံနီကတ်ပြီး ဒေသခံထောင်ချီ ဖီးလွတ်ရာ ရွှိပြောင်းခရကြောင်း သိရသည်။




