
APM၊ ဩဂတ်စ် ၉/ ၂၀၂၃
နီပေါနိုင်ငံတွင် ဒေနှစ် အစပိုင်းမှ ဩဂတ်စ် ၈ ရက်နိအထိ ရီကြီးမြီပြိုမှုများကြောင့် သီဆုံးလူ ၄၀ နီးပါး ဟိလာပြီး အများ အပြား ပျောက်ဆုံးနီကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
နီပေါပြည်ထဲရီး ဝန်ကြီးဌာနမှ တာဝန်ဟိ မန်န အချာယာ ၏ ပြောကြားချက်အရ ဒေဂုနှစ်အတွင်း မိုးကြီးရီကြီးမှုအတွင်း လူ ၃၈ ယောက်သီဆုံးပြီး အနည်းဆုံး ၃၃ ဦး ပျောက်ဆုံးနီကြောင်း သိရသည်။
ဒေအပတ်အတွင်းပင် နီပေါအလယ်ပိုင်း ဘာ့မတ်တီ ယူရဲလ်ဒေသတွင် မြီပြိုမှုကြောင့် အမျိုးသမီးတယောက်သီဆုံးကာ လူ ၆ ယောက် ပျောက်ဆုံးခကြောင်း ခရိုင်ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါမြီပြိုမှုအတွင်း ကယ်ဆယ်ရီးလုပ်ငန်းများ လုပ်ဆောင်နီပြီး အသက်ရှင်ကျန်လူများကို ရှာဖွီနီကြောင်း၊ အမျိုးသမီး တယောက်ကို အပျက်အစီးများအကြားမှ ဆွဲထုတ်နိုင်ခကေလေ့ သီဆုံးခကာ နောက်ထပ် ၆ယောက် ပျောက်ဆုံးနီကြောင်း ခရိုင် ရဲတပ်ဖွဲ့ပြောခွင့်ရ မက်ကွမ်ပူတက်ခ်ဘာဒူးကာကီက ဆိုသည်။
နီပေါတွင် နှစ်စဉ် ဂျုန်လမှ စက်တင်ဘာလအထိ မိုးသည်းထန်စွာ ရွာသွန်းလိဟိပြီး ယခုနှစ်အတွင်း ရီကြီးမြီပြိုမှုများကြောင့် လူ သီဆုံးမှုနန့် ပျောက်ဆုံးမှု ပိုများလာခြင်းဖြစ်သည်။
မိုးကြီးမှုကြောင့် မြစ်ကမ်းပါးများကျိုးပေါက်ခရာ ခတ္တမန္ဒူချိုင့်ဝှမ်းဟိ လူ ၄ သန်းလောက်နီထိုင်သည့် ဒေသများတွင် ရီကြီး မှုများဖြစ်ပွားခရသည်။
မြီပြိုကျမှုကြောင့် မြို့တော်တောင်ပိုင်းနန့် ဆက်သွယ်ထားသည့် အဓိက အဝီးဗြီးကားလမ်းမကြီး ပိတ်ဆို့နီပြီး အာဏာပိုင် များက ဆင်းဟူလူမြစ် အရှိဖက်ဟိ ဒေသခံများကို ဖီးလွှတ်ရာသို့ ရွှိပြောင်းကတ်ရန် တိုက်တွန်းထားသည်။
Source – Landslides, floods kill 38 so far as monsoon rains lash Nepal
Photo -The Kathmandu Post
